Pages

Pages

စဉ့်ကူးမြို့၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၄)ကြိမ်မြောက် နှစ်ပတ်လည်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဇီဝိတဒါန ငါးလွှတ်ပွဲ ကျင်းပ




MNP ၊ နိုဝင်ဘာ  ၅ 

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျရောက်မည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (၃၄)ကြိမ်မြောက် နှစ်ပတ်လည်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများက စဉ့်ကူးမြို့၊အမှတ်(၂) ရပ်ကွက်ရှိ ကုက္ကိုပင်ရေဆိပ်တွင် ဇီဝိတဒါန ငါးလွှတ်ပွဲကို ယနေ့နံနက်(၉)နာရီက ကျင်းပဆောင်ရွက်ခဲ့သည်။


ထိုသို့ ဆောင်ရွက်ရာတွင် စဉ့်ကူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းကျော်နိုင်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနန်းကိုဦးနှင့် ဝန်ထမ်းများ၊ စုစုပေါင်းအင်အား ၆၀ ဦးတို့မှ ဧရာဝတီမြစ်အတွင်းသို့ ထိုင်းငါးခုံးမကောင်ရေ  (၁၅၀၀၀)အား ဘေးမဲ့လွှတ်ခြင်းတို့ဆောင်ရွက်ခဲ့ပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏နှစ်ပတ်လည်နေ့၊ နိုဝင်ဘာလ ၇ ရက်နေ့တွင်လည်း ဆရာတော်၊ သံဃာတော်များအား အရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းခြင်းနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများအဖြစ်  အမှတ်(၁)ရပ်ကွက်ရှိ ရွှေရပ်တော်ဘုရားတွင် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။


တင်ဇာလွင် 

https://t.me/MyanmarNationalPost

No comments:

Post a Comment