ကျိုက္ခမီမြို့ ဆုတောင်းပြည့်ရေလယ်ဆံတော်ရှင်မြတ်ဘုရားကြီး၏ ရွေသင်္ကန်းအနားကွပ်တော် ရတနာမြတ်ကပ်လှူပူဇော် - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျိုက္ခမီမြို့ ဆုတောင်းပြည့်ရေလယ်ဆံတော်ရှင်မြတ်ဘုရားကြီး၏ ရွေသင်္ကန်းအနားကွပ်တော် ရတနာမြတ်ကပ်လှူပူဇော်

 




MNP - နိုဝင်ဘာ  ၇


မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် ကျိုက္ခမီမြို့ရေလယ်ဆံတော်ရှင် မြတ်ဘုရားကြီး၏ ရွှေသင်္ကန်းကွပ်တော်ရတနာမြတ် ကပ်လှူပူဇော်ခြင်းအခမ်းအနားကို ယနေ့နံနက် နာရီအချိန်က မြတ်ဘုရားကြီး၏ ကုန်းတော်ပေါ်ရှိ သာသနာ့ဗိမာန်တော် ခန်းမဆောင်ကြီး၌ ဆင်ယင်ကျင်းပ ပြုလုပ်ရာ ကျိုက္ခမီမြို့ သြဝါဒစရိယ ဆရာတော်ကြီးများ၊ အမှတ်(၄)တပ်မတော်တန်းမြင့် လေ့ကျင့်ရေးကျောင်းမှ ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ်ထွန်းနိုင်ဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအ ဖွဲ့ဥက္ကဋ္ဌ ဦးအောင်မိုးလွင်နှင့် အဖွဲ့ဝင်များ၊ မြတ်ဘုရားကြီး၏ ဂေါပကဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အလှူရှင်များတက်ရောက်ခဲ့ကြသည်။


ရှေးဦးစွာအခမ်းအနားကို နမောတသ(၃)ကြိမ် ရွတ်ဆိုဘုရားကတော့၍ ဖွင့်လှစ်ပြီး ဆုတောင်း ပြည့်ရေလယ်ဆံတော်ရှင် မြတ်ဘုရားကြီး၏ သြဝါဒစရိယ အေးရိပ်သာမဟာစည်မန္တလေး ကျောင်းတိုက်ဦးစီးပဓာန နာယကဆရာတော် ဘဒ္ဒန္တဝိသုတာစာရထံမှ ငါးပါးသီလခံယူ ဆောက်တည်၍၊ ဆရာတော်သံဃာတော် အရှင်သူမြတ်တို့မှ မေတ္တာသုတ်တရားတော်များ ချီးမြှင့်ပြီး၊ ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့မှ ဆရာတော်ကြီးများထံ ရွှေသင်္ကန်းအနားကွပ် တော်ရတနာမြတ်ကိုဆက်ကပ်ခြင်းနှင့် တက်ရောက်လာသူများမှ ဆရာတော်ကြီးများအား လှူဖွယ်ပစ္စည်များဆက်ကပ်လှူဒါန်းပြီး ရေစက်သွန်းချ အမျှပေးဝေကာ အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဌတု(၃)ကြိမ်ရွတ်ဆို ဘုရားကတော့၍ အခမ်းအနားပိတ်သိမ်းခဲ့သည်။


ထို့နောက် သာသနာ့ဗိမာန်တော်ခန်းမဆောင်မှ ရွှေသင်္ကန်းအနားကွပ်တော် ရတနာမြတ်ကို ဂန္ဓကုဋိတိုက်သို့ ပင့်ဆောင်ပြီး (ရာဟုထောင့်) မြတ်ဗုဒ္ဓထံတွင် တာဝန်ရှိသူများမှဆက်ကပ် ပူဇော်ခဲ့ကြောင်း သိရသည်။


သတင်း - အေးအေးသီ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)