Pages

Pages

မြိုသစ်တွင် အခြေခံစားကုန်(ဆန်)များအား သက်သာသောဈေးနှုန်းဖြင့် ဆက်လက်ရောင်းချ



MNP - နိုဝင်ဘာ  ၂


မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအတွက် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ မြို့သစ်မြို့၊ ရွှေလရောင်ကွက်သစ်ရပ်ကွက်၊ စည်ပင်သာယာဈေးအနီး၊ မီးသတ်ဦးစီးဌာနရုံးရှေ့တွင် ယနေ့နံနက် ၇နာရီက အခြေခံစားကုန်(ဆန်)များအား သက်သာသောဈေးနှုန်းဖြင့် ဆက်လက်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။


မကွေးတိုင်းဒေသကြီး၊ အစိုးရအဖွဲ့၏ စီစဉ်ဆောင်ရွက်မှုဖြင့် မြို့သစ်မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့မှ တာဝန်ယူကာ အခြေခံစားကုန်ဖြစ်သည့် (ဆန်)ကို ပြင်ပပေါက်ဈေးထက် သက်သာသောဈေးနှုန်းဖြစ်သည့် ဆန်တစ်ပြည် (၁၅၀၀) တစ်ထောင်ငါးရာကျပ်ဖြင့် လူတစ်ဦးလျှင် (၆) ပြည်နှုန်း၊ ဆန်အိတ်အလုံး(၂၀၀)အား သက်သာသောဈေးနှုန်းဖြင့် ဆက်လက်ရောင်းချပေးသွားမှာဖြစ်ကြောင်း သိရသည်။


သတင်း - သန်းဝင်းထွန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment