Pages

Pages

ဒေးဒရဲမြို့နယ် ချောင်းဖျားကျေးရွာ၌ မိုးစပါးစံကွက်ရိတ်သိမ်းပွဲ ကျင်းပ

 


MNP - နိုဝင်ဘာ   ၁၃


ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၏ မိုးစပါးအထွက်နှုန်းအား သိရှိနိုင်ရန် ရည်ရွယ်၍ မိုးစပါးစံကွက်ရိတ်သိမ်းပွဲ အခမ်းအနားကို ချောင်းဖျားကျေးရွာ၊ တောင်သူ ဒေါ်ခင်ဥ၏ ဘက်စုံစိုက်ပျိုးမွေးမြူရေးခြံရှိ လယ်မြေတွင် ယနေ့နံနက် (၉)နာရီက ကျင်းပခဲ့ကြောင်း သိရသည်။


အဆိုပါ မိုးစပါးစံကွက်ရိတ်သိမ်းပွဲကို ခရိုင် စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေး ကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ ဦးတင်လင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်တိုးမြင့်ကော်မတီ ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်ကျော်စိုးနှင့် ဝန်ထမ်းများ၊ စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဇော်မင်းထွန်းနှင့် ဝန်ထမ်းများ တက်ရောက်ကြသည်။


ထိုနောက် တောင်သူဒေါ်ခင်ဥ၏ ကွင်းအမှတ်(၂၅၂) ဦးပိုင်အမှတ်(၂/၂)ရှိ မိုးစပါး စံကွက်အား ရိတ်သိမ်းခဲ့ရာ သင့်ကိုယ်စားပြုဧရိယာ (၂၅၀)ဧကအတွက် တစ်ဧကခြောက်သွေ့ပြီး (၆၆.၈၀)တင်း ထွက်ရှိခဲ့ကြောင်း သိရသည်။


သတင်း - အေဇာလင်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment