ဘိုကလေးမြို့နယ်လုံးဆိုင်ရာ (၃၆) ကြိမ်မြောက် နှစ်ကျိပ်ရှစ်ဆူဘုရားပွဲတော်အား စည်ကားသိုက်မြိုက်စွာ စတင်ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဘိုကလေးမြို့နယ်လုံးဆိုင်ရာ (၃၆) ကြိမ်မြောက် နှစ်ကျိပ်ရှစ်ဆူဘုရားပွဲတော်အား စည်ကားသိုက်မြိုက်စွာ စတင်ကျင်းပ



MNP - နိုဝင်ဘာ   ၇


ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် မြို့နယ်လုံးဆိုင်ရာ နှစ်ကျိပ်ရှစ်ဆူ ဘုရားပွဲတော်အား နှစ်စဉ်အစဉ်အလာမပြတ် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ရာ ယခုနှစ် (၃၆)ကြိမ်မြောက် နှစ်ကျိပ်ရှစ်ဆူ ဘုရားပွဲတော်အား စည်ကားသိုက်မြိုက်စွာဖြင့် ယမန်နေ့ ညနေ(၄)နာရီမှ စတင်ကျင်းပခဲ့သည်။


ထိုသို့ကျင်းပရာတွင် ဘုရားပွဲကျင်းပရေးဗဟိုအဖွဲ့နှင့် မြို့ပေါ်ရပ်ကွက်(၁၀)ခု၊ ဘုရားချောင်းကျေးရွာ၊ ကွင်းဝိုင်းကျေးရွာနှင့် ကုလားကြီးချောင်းကျေးရွာ အစရှိသည့် ရပ်ကွက်/ကျေးရွာ (၁၄)ဖွဲ့မှ တစ်ဖွဲ့လျှင်(၂)ဆူနှုန်းဖြင့် ဥပသကာ ဂေါပကများမှ ပင့်ဆောင်ကာ ကမ်းနားလမ်းတစ်လျှောက်မှ အောင်စကြာ ဘုရားလမ်းအတိုင်း ဒေသစာရီကြွချီ၍ မြို့ပတ်တာ(၈)လမ်းအတိုင်း ဆက်လက်ကြွချီခဲ့ပြီးနောက် အမှတ်(၁၈)လမ်းမမှ နှင်းဆီ(၇)လမ်းသို့ ကြွချီခဲ့သည်။


ကြွချီရာ လမ်းတစ်လျှောက်တွင် ဘုရားဒါယိကာ၊ ဒါယိကာမများမှ မြတ်ဘုရားများအား ပန်း၊ ရေချမ်း၊ ဆီမီး၊ သစ်သီးနှင့် လှူဖွယ်ဝတ္ထုအစုစုတို့အား လှူဒါန်းခဲ့ကြသည့်အပြင် ဥပသကာ ဂေါပကများကိုလည်း အာဟာရဒါနများ ကျွေးမွေးလှူဒါန်း ခဲ့ကြသည်။


မြို့နယ်လုံးဆိုင်ရာ နှစ်ကျိပ်ရှစ်ဆူ ဘုရားပွဲတော်အား တန်ဆောင်မုန်း လဆန်း(၁၄)ရက်နေ့မှ လပြည့်ကျော် (၁) ရက်နေ့ထိ (၃) ရက်တိုင်တိုင် ကျင်းပမည်ဖြစ်ပြီး ဘိုကလေးမြို့နယ်၏ နှစ်ကျိပ်ရှစ်ဆူ ဘုရားပွဲတော်ကို ထေရဝါဒဗုဒ္ဓသာသနာတော် အဓွန့်ရှည် တည်တံ့ခိုင်မြဲထွန်းကားရေး၊ အစဉ်အလာကောင်း တစ်ရပ်ဖြစ်သည့် မြို့နယ်ဘာသာရေး၊ သာသနာရေး လုပ်ငန်းတစ်ရပ်အဖြစ် ဗုဒ္ဓဘာသာဝင် သူတော်စဉ်များ ကြည်ညိုပူဇော် သဒ္ဓါတရားပွားများ၍ ကုသိုလ်တရားများ တိုးပွားစေရေး၊ မြို့နယ်အတွင်း ကပ်ကြီး(၃)ပါးနှင့် မီဘေး၊ ရေဘေး၊ လေဘေးစသည့် သဘာဝဘေးအန္တရာယ်အသွယ်သွယ်တို့မှ ကင်းဝေးစေရေးနှင့် ဘာသာရေးတွင် စိတ်ပါဝင်စားသူပြည်သူများ ညီညွတ်စွာ ပူးပေါင်းပါဝင်လာစေရေးတို့ကို ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း ကျင်းပရေးကော်မတီထံမှ သိရသည်။


သတင်း - မိုးစက်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)