Pages

Pages

ကျောက်ဖြူခရိုင်(Community Centre)ခန်းမ၌ လုပ်ငန်းကျွမ်းကျင်မှုဆိုင်ရာ စွမ်းရည်မြှင့်သင်တန်း သင်ခန်းစာမှတ်စုများစာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်



MNP ၊  နိုဝင်ဘာ  ၁၁

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန(Community Centre)ခန်းမတွင် ခရိုင်ရုံးဝန်ထမ်းများအား ပြည်သူ့ဆက်ဆံရေးလုပ်ငန်းတာဝန် များကိုသိရှိနားလည်စေရန် ရည်ရွယ်၍ ယနေ့ မွန်းလွဲပိုင်းက လုပ်ငန်းကျွမ်းကျင်မှုဆိုင်ရာစွမ်းရည်မြှင့် သင်တန်း သင်ခန်းစာမှတ်စုများစာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်သည်။


အဆိုပါ စာဖတ်ဝိုင်းတွင် ကျောက်ဖြူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ချစ်ချစ်သန်းက စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး စာအုပ်ပါအကြောင်းအရာများထဲမှ ပြည်သူ့ဆက်ဆံရေးလုပ်ငန်းတွင် သတိပြုရ မည့်အချက်များ၊ ပြည်သူ့ဆက်ဆံရေးမှူး၏ တာဝန်နှင့် အရည်အချင်းများ၊ ပြည်သူ့ဆက်ဆံရေးမှူး တစ်ဦးတွင် ပြည့်စုံရန်လိုအပ်သည့်အရည်အချင်းများ  စသည့် စာပိုဒ်ပါအကြောင်းအရာများကို ဦးဆောင်ဆွေးနွေးခဲ့သည်။ ယင်းနောက် ဒုတိယဦးစီးမှူး ဒေါ်ခင်မာအောင်က ပြည်သူ့ဆက်ဆံရေး လုပ်ငန်း၏ ရည်ရွယ်ချက်ပန်းတိုင်များ စာပိုဒ်ပါအကြောင်းအရာများကိုလည်းကောင်း၊ ဦးဇော်ဇော်နိုင် ရုပ်သံကျွမ်းကျင်-၃ မှ ပြည်သူ့ဆက်ဆံ‌ရေးလုပ်ငန်းစဉ်များ စာပိုဒ်ပါအကြောင်းအရာများကိုလည်းကောင်း၊ ဦးဖြိုးဝေလင်း(ဓာတ်ပုံကျွမ်းကျင်-၂)က ပြည်သူ့ဆက်ဆံရေး၏အဓိပ္ပါယ်နှင့် သဘောသဘောသဘာဝ  အကြောင်းအရာများကိုလည်းကောင်း ဆွေးနွေးခဲ့ကြပြီး ဝန်ထမ်းများမှသိရှိလိုသည်များအား အပြန် အလှန်မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။ 


တင်ထွန်းဦး၊ ဖြိုးဝေလင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment