Pages

Pages

ဂွမြို့ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် “လူမှုကွန်ရက်ပေါ်က ဝါဒဖြန့် သတင်းတု သတင်းမှား သံသရာ” ဆောင်းပါးဖြင့် စာဖတ်ဝိုင်းကျင်းပ



MNP - နိုဝင်ဘာ  ၂၆


ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် Youth Club အဖွဲ့ဝင်များနှင့် ယမန်နေ့ နေ့လယ်ပိုင်းက ဒို့ကျေးရွာဂျာနယ်အတွဲ(၁၉)အမှတ်(၂၀ )ပါ “လူမှုကွန်ရက်ပေါ်က ဝါဒဖြန့် သတင်းတု သတင်းမှား သံသရာ” ဆောင်းပါးဖြင့် စာဖတ်ဝိုင်းကို ကျင်းပပြုလုပ်ခဲ့သည်။


ထိုသို့ စာဖတ်ဝိုင်းပြုလုပ်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးခိုင်မိုးမင်းက လူငယ်များအနေဖြင့် အသိပညာ၊ စာပေဗဟုသုတများရရှိစေရန်၊ အမှားအမှန်ကို ဝေဖန်ပိုင်းခြားတတ်ပြီး လိမ္မာယဉ်ကျေးသည့် သားကောင်းသမီးကောင်းများ ဖြစ်လာနိုင်စေရန် ရည်ရွယ်၍  ယခုလို  စာဖတ်ဝိုင်းပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြား သည်။


ဆက်လက်၍ စာပေချစ်မြတ်နိုးသူများဖြစ်ကြသည့် မသင်းသုသုဟန်၊ မချမ်းမြေ့သူ၊ မဖူးဖူးချယ်ရီ၊ မောင်ခန့်ထက်ကျော်တို့က  ဒို့ကျေးရွာဂျာနယ်အတွဲ(၁၉) အမှတ်(၂၀ )ပါ မေယု-မျိုးအောင်(MANA)ရေးသားသည့် “လူမှုကွန်ရက်ပေါ်က ဝါဒဖြန့် သတင်းတု သတင်းမှား သံသရာ” ဆောင်းပါးအား  ဖတ်ကြားဆွေးနွေးခဲ့ကြပြီး   ဖတ်ကြားဆွေးနွေးချက်များအပေါ်  ဒုတိယဦးစီးမှူး ဦးခိုင်မိုးမင်းက ထပ်ဆင့်ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။


သတင်း - ရွှေရည်ဝင်းကျော်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment