မိုးမောက်မြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်း၌ KIA အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများထောင်ထားသည့် မိုင်းများအား အများပြည်သူ ဘေးအန္တရာယ် မရှိစေရေး ဖယ်ရှားရှင်းလင်းခဲ့ရ - Myanmar National Post

Myanmar National Post

News Agency

Breaking

မိုးမောက်မြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်း၌ KIA အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများထောင်ထားသည့် မိုင်းများအား အများပြည်သူ ဘေးအန္တရာယ် မရှိစေရေး ဖယ်ရှားရှင်းလင်းခဲ့ရ





နေပြည်တော်၊ နိုဝင်ဘာ ၁၁

ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်အတွင်း နယ်မြေလုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေးဆောင်ရွက်လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်း၌ မိုးမောက်မြို့ရှိ အခြေခံပညာအထက်တန်းကျောင်းရှေ့ လမ်းဆုံနေရာသို့ ရောက်ရှိစဉ် KIA အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများ ထောင်ထားသည့် ရီမုမိုင်း ၃ လုံး အား တွေ့ရှိခဲ့သဖြင့် အများပြည်သူများ အန္တရာယ်မရှိစေရေး မိုင်းရှင်းလင်းရေးလုပ်ငန်း များ ဆောင်ရွက်ခဲ့သည်။

ထိုကဲ့သို့ မိုင်းရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိစဉ် KIA အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများက အခြေခံပညာအထက်တန်းကျောင်း၏ ပင်မစာသင်ဆောင်မှလည်းကောင်း၊ လမ်း၏ ညာဘက်ခြမ်း မီတာ ၃၀ မီတာခန့်အကွာ လူနေအိမ်များမှ အကာအကွယ်ယူ၍ လည်းကောင်း လက်နက်ကြီး၊ လက်နက်ငယ်များ ဖြင့် စတင်ပစ်ခတ်တိုက်ခိုက်လာခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ် ခဲ့ပြီး အပြန်အလှန်ထိတွေ့မှုဖြစ်ပွားခဲ့ကာ အကြမ်းဖက်သမားများသည် အရှေ့မြောက် ဘက်နှင့် အနောက်ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့သည်။


အဆိုပါ မိုးမောက်မြို့၊ အခြေခံပညာအထက်တန်းကျောင်းဝန်းအတွင်း မိုင်းရှင်းလင်းရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ကျောင်းဝန်းအတွင်းရှိ သစ်ပင်တွင် ကပ်၍ ထောင်ထားသည့် ဒေသန္တရလက်လုပ်ရီမုမိုင်း ၁ လုံးအား ထပ်မံတွေ့သိမ်းဆည်းရမိခဲ့ ပြီး အကြမ်းဖက်သမားများအနေဖြင့် ၎င်းတို့ ဆုတ်ခွာရာ လမ်းကြောင်းတစ်လျှောက်ရှိ နေအိမ်အချို့အား မီးရှို့ဖျက်ဆီးခဲ့သည့်အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေခံ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်း၍ မီးငြှိမ်းသတ်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့သည်။


ယခုကဲ့သို့ အများပြည်သူသွားလာအသုံးပြုလျက်ရှိသည့် လမ်းမကြီးများပေါ်၌ လည်းကောင်း၊ ပညာရေးဆိုင်ရာ အဆောက်အဦများအတွင်း၌ လည်းကောင်း မိုင်းထောင်ဖောက်ခွဲမှုများနှင့် လူနေအိမ်နှင့် စာသင်ကျောင်းများကို အကာအကွယ်ယူ တိုက်ခိုက်ခဲ့သည့် အကြမ်းဖက်မှုလုပ်ရပ် ကျူးလွန်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိ ကြောင်းနှင့် ဒေသအတွင်း လှုပ်ရှားသွားလာလျက်ရှိသည့် ဒေသခံပြည်သူများ အန္တရာယ်မဖြစ်စေရေးအတွက် မိုင်းရှင်းလင်းရေး လုပ်ငန်းများနှင့် နယ်မြေလုံခြုံ အေးချမ်းတည်ငြိမ်ရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆက်လက် ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)