Pages

Pages

ထားဝယ်မြို့နယ်၊ သရက်ချောင်းမြို့၊ ဝဲကပေါ်ရွာအနီးတွင် PDF အကြမ်းဖက်သမား ၄ဦး ဖမ်းဆီးရမိ




MNP ၊ နိုဝင်ဘာ ၁၄

ထားဝယ်မြို့နယ်၊ သရက်ချောင်းမြို့၊ ဝဲကပေါ်ရွာအနီးတွင် လုံခြုံရေးအဖွဲ့များက ကင်းပုန်း ဝပ်နေစဉ် အကြမ်းဖက်လုပ်ရပ်များ ကျူးလွန်ရန် ရောက်ရှိလာသည့် PDF အကြမ်းဖက်သမား ၄ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိ PDF အကြမ်းဖက်သမားများမှာ (၁) စိုးဝင်း (ဘ) ဦးခင်ကြည် (သပြေရှောင်ရွာ)၊ (၂) ထွန်းကြည်စိုး (ဘ) ဦးတင်စိန် (ညောင်ဇင်ရွာ)၊ (၃) သဲစင် (ဘ) ဦးဌေးတင် (ညောင်ဇင်ရွာ)၊ (၄) ကျော်ထိုက် (ဘ) ဦးဘထွန်းမောင် (ကထီးဝရွာ) တို့ ၄ ဦးအား ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

အဆိုပါ အကြမ်းဖက်သမားများထံမှ ပစ္စတိုသေနတ် (၃)လက်၊ ကျည်အိမ် (၄)ခု၊ ကျည်ဆန် (၆၈)တောင့်၊ Icon (၁) လုံး၊ ဖုန်း (၂)လုံး တို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ 


https://t.me/MyanmarNationalPost

No comments:

Post a Comment