တိုင်းဒေသကြီးဝန်ကြီးချုပ် Recreation Centre ဖွင့်ပွဲနှင့် အနုပညာအသင်းအတွက် တူရိယာပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တိုင်းဒေသကြီးဝန်ကြီးချုပ် Recreation Centre ဖွင့်ပွဲနှင့် အနုပညာအသင်းအတွက် တူရိယာပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်

 


MNP - နိုဝင်ဘာ  ၂၂


ပုသိမ်တက္ကသိုလ် Recreation Centre ဖွင့်ပွဲနှင့် အနုပညာအသင်းအတွက် တူရိယာပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားအား ယမန်နေ့နံနက်ပိုင်းက ပုသိမ်တက္ကသိုလ်ဝန်းရှိ အဆိုပါ Centre ရှေ့၌ ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်၊ ပုသိမ်တက္ကသိုလ်ပါမောက္ခချုပ်နှင့် ပါမောက္ခများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။


ဖွင့်ပွဲတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က “၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲ အောင်မြင်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများ စတင်ကျောင်းတက်ရောက်သည့်နေ့တွင် တက္ကသိုလ်၏ အင်္ဂါရပ်နှင့် ပိုမိုပြည့်စုံစေရန် Recreation Centre အား ဖွင့်လှစ်ပေးခြင်း ဖြစ်ပါကြောင်း၊ ယခင်စာကြည့်တိုက် အဆောက်အဦအား ပြန်လည်ပြုပြင်၍ ဆောင်ရွက် ပေးခြင်း ဖြစ်ပါကြောင်း၊ တက္ကသိုလ်များတွင် စာပေ၊ ဂီတ၊ အနုပညာနှင့် အားကစား ဘက်စုံထူးချွန်သော ဘွဲ့ရပညာတတ်များကို မွေးထုတ်ပေးလျက်ရှိပါကြောင်း၊ မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများတွင်လည်း အဆင့်မြင့်ပညာအဆင့်မှ တိုင်းဒေသကြီးဂုဏ်ဆောင် အနုပညာရှင်များ ပေါ်ထွက်လာရန် ရည်ရွယ်ပါကြောင်း၊  တက္ကသိုလ်ကြီး၏ အရိပ်ကို ခိုလှုံ၍ ပညာဆည်းပူးကြမည့် ကျောင်းသား၊ ကျောင်းသူများသည် ဘာသာရပ်အသီးသီးကို လေ့လာဆည်းပူးရင်းဖြင့် ဝါသနာပါရာအလိုက် လေ့လာဆည်းပူး သင်ကြားခွင့်ရရှိပြီး ဘက်စုံထူးချွန်သော ဘွဲ့ရပညာတတ်များ ဖြစ်ပါစေကြောင်း "ပြောကြားကာ အဆောက်အဦအား တာဝန်ရှိသူများနှင့်အတူ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။


ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် အနုပညာအသင်းခန်းမအား လှည့်လည် ကြည့်ရှုစစ်ဆေးပြီး (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဗဟိုအဆင့်၌ ဆုရရှိခဲ့သော ကျောင်းသား၊ ကျောင်းသူများနှင့် အနုပညာ အသင်းဝင်များ၏ ဖျော်ဖြေတင်ဆက်မှုအား ကြည့်ရှုအားပေးခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ပုသိမ်တက္ကသိုလ် အနုပညာအသင်းသို့  တူရိယာပစ္စည်းများ ပေးအပ်ခဲ့ရာ ပုသိမ်တက္ကသိုလ် ပါမောက္ခချုပ်နှင့် အနုပညာအသင်းဥက္ကဋ္ဌတို့မှ လက်ခံခဲ့ကြောင်း သိရသည်။


သတင်း - လှမင်းထွဋ်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)