MNP ၊ နိုဝင်ဘာ ၂၉
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP)ဥက္ကဋ္ဌ ဦးခင်ရီသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ Counsellor Mr. Lin Tao အား ယနေ့နံနက်ပိုင်းက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ်တွင် လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။
ထိုသို့တွေ့ဆုံရာတွင် Mr. Lin Tao မှ ၂၀၂၂ ခုနှစ် အောက်တိုဘာလအတွင်းက ပြုလုပ်ခဲ့သော တရုတ်ကွန်မြူနစ်ပါတီ၏ (၂၀)ကြိမ်မြောက် နိုင်ငံလုံးဆိုင်ရာ ပါတီညီလာခံကျင်းပပြီးစီးမှု အခြေအနေများအား ရှင်းလင်းပြောကြားပြီး (၂)နိုင်ငံ ပါတီချင်းဆက်သွယ်ဆက်ဆံမှုကိစ္စရပ်များအား အပြန်အလှန်ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။
တွေ့ဆုံပွဲသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီနှင့်အတူ ဒုတိယဥက္ကဋ္ဌများဖြစ်ကြသည့် ဦးမြတ်ဟိန်း၊ ဦးလှထွန်း၊ ဦးမျိုးဇော်သိန်း၊ အထွေထွေအတွင်းရေးမှူး ဦးသောင်းအေး၊ နိုင်ငံတကာရေးရာကော်မတီတာဝန်ခံ ဗဟိုအလုပ်အမှုဆောင် ဦးအောင်စိုးတို့ တက်ရောက်ခဲ့ကြပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ Counsellor Mr. Lin Tao နှင့်အတူ အဖွဲ့ဝင်(၁)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost




No comments:
Post a Comment