Pages

Pages

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများအား Basic Video Editing Online ဖြင့်ဖွင့်လှစ်ပို့ချ



MNP  -  ဒီဇင်ဘာလ  ၂၉

   ရခိုင်ပြည်နယ် ၊ မြောက်ဦးခရိုင် ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများအား Zoom Meetingဖြင့် Basic Video Editing Online သင်တန်းကို ယနေ့ နေ့လယ်(၁) နာရီအချိန်က ဖွင့်လှစ်ပို့ချခဲ့ကြောင်း သိရသည်။ 


အဆိုပါသင်တန်းတွင် မြောက်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးတင်ရွှေက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီး သင်တန်းပို့ချသူ ဦးဦးမောင်ဝင်းမှ Video Editing ပြုလုပ်ရာတွင် ပထမဦးစွာအနေဖြင့် မိမိဖုန်း၊ မိမိကွန်ပျူတာထဲတွင် softwareကို စတင်ထည့်သွင်းကြ၍ softwareထဲတွင် ဓါတ်ပုံ(သို့မဟုတ်) ဗီဒီယို ထည့်သွင်းပြီး မိမိပြုလုပ်ချင်သောနောက်ခံ တေးသီချင်းများနှင့် စာသားများကို ထည့်သွင်းလုပ်ဆောင်ရသည့် အခြေခံအချက်အလက် များကို ရှင်းလင်းပို့ချခဲ့သည်။


ထိုသင်တန်းသို့ မြောက်ဦးခရိုင်ရုံးမှ ဝန်ထမ်းများနှင့် မြို့နယ်ရုံးများမှ ဝန်ထမ်းများ စုစုပေါင်း သင်တန်းသား၊သင်တန်းသူ (၁၂)ဦးတက်ရောက်ခဲ့ပြီး Basic Video Editing Onlineသင်တန်းကို ဒီဇင်ဘာလ ၂၉ရက်နေ့မှ ၃၀ရက်နေ့ထိ သင်ကြားပို့ချ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။


မြင့်စိုး၊ စိုးငြိမ်းနိုင်

https://t.me/MyanmarNationalPost

No comments:

Post a Comment