Pages

Pages

(၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဗဟန်းမြို့နယ်၌ ဖူဆယ်ဘောလုံး၊ ပိုက်ကျော်ခြင်း၊ ပြေးခုန်ပြစ်၊ စက်ဘီးစီးပြိုင်ပွဲများ ဖွင့်ပွဲကျင်းပ



MNP -  ဒီဇင်ဘာ ၂၂

(၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဗဟန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်ဆောင်ရွက်မှုဖြင့် ဖူဆယ်ဘောလုံး၊ ပိုက်ကျော်ခြင်း၊ ပြေးခုန်ပြစ်၊ စက်ဘီးစီးပြိုင်ပွဲများ ဖွင့်ပွဲအခမ်းအနားများကို ယနေ့ နံနက် ၉ နာရီက ဗဟန်းမြို့နယ် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းခန်းမ၌ ကျင်းပသည်။


အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကိုလတ်က(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အားကစားပြိုင်ပွဲများ ကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။


ဆက်လက်၍ ပြိုင်ပွဲဝင်အားကစားသမားများက အားကစားသစ္စာအဓိဌာန်ရွတ်ဆိုကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အခမ်းအနား တက်ရောက်လာကြသော တာဝန်ရှိသူများက အားကစားပြိုင်ပွဲ အသီးသီး၌ ပါဝင်ယှဉ်ကြမည့် အားကစားသမားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးကြသည်။


ယင်းနောက်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ကအမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း(ဗဟန်း) ဘင်ခရာတီးဝိုင်းအဖွဲအား ဂုဏ်ပြုဆုငွေများ ပေးအပ်ရာတာဝန်ရှိသူတစ်ဦးမှ လက်ခံရယူခဲ့သည်။


(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးအထိမ်းအမှတ် ဗဟန်းမြို့နယ်၌ ဖူဆယ်ဘောလုံး၊ ပိုက်ကျော်ခြင်း၊ ပြေးခုန်ပြစ်၊ စက်ဘီးစီးပြိုင်ပွဲများကို‌ နေ့စဉ်ဆက်လက်ကျင်းပသွားမည် ဖြစ်ပြီး ၂၀၂၃ ခုနှစ်(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့တွင် ဗိုလ်လုပွဲ ယှဉ်ပြိုင်ကစားကာ ဆုချီးမြှင့်ပွဲပါကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။


အောင်မြင့်

https://t.me/MyanmarNationalPos

No comments:

Post a Comment