Pages

Pages

ရွှေပြည်သာမြို့နယ်၌ အသက်(၅)နှစ်မှ(၁၂)နှစ်အထိ ကလေးသူငယ်များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(ဒုတိယ)အကြိမ်ထိုးနှံ



MNP - ဒီဇင်ဘာ ၆


ရန်ကုန်တိုင်း‌ဒေသကြီး ရွှေပြည်သာမြို့နယ်၌ ရပ်ကွက်နှင့် ကျေးရွာများရှိ အသက်(၅)မှ (၁၂)နှစ်အထိ က‌လေးသူငယ်များအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို (ဒုတိယအကြိမ်) စတင်ထိုးနှံပေးလျက်ရှိရာ ယမန်နေ့နံနက်(၁၀)နာရီအချိန်တွင် အမှတ်( ၈)ရပ်ကွက်ရှိ ကလေးများအား ထိုးနှံပေးလျက်ရှိကြောင်း သိရသည်၊


‌ကလေးသူငယ်များ အဆင်ပြေစွာ ကာကွယ်ဆေးထိုးနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုကူညီရေးအသင်းအဖွဲ့များနှင့် မိဘများက ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


‌ရွှေပြည်သာမြို့နယ်တွင် ရပ်ကွက်/ကျေးရွာ(၂၇)ခုရှိပြီး မြို့နယ်ကျန်းမာရေးဦးစီးဌာနရှိ ဆရာ/ ဆရာမများအား အဖွဲ့များခွဲကာ အလှည့်ကျထိုးနှံပေးလျက်ရှိကြောင်း သိရသည်။


သတင်း - နေမျိုးထွန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment