Pages

Pages

ရခိုင်ပြည်နယ် မောင်တောမြို့၌ နယ်မြေခံတပ်မမှူး နှင့် ခရိုင်အဆင့် ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ






MNP -    ဒီဇင်ဘာ   ၂၂

ရခိုင်ပြည်နယ် မောင်တောမြို့၌ နယ်မြေခံတပ်မမှူး  ၊ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ နှင့်  ခရိုင်အဆင့်ဌာနဆိုင်ရာများ၏ ယမန်နေ့ နေ့လယ် ၁ နာရီ အချိန် ခရိုင်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ ပြုလုပ်ခဲ့သည်။ 


ရှေးဦးစွာ နယ်မြေခံတပ်မမှူး ၊ စစ်ဆင်ရေးကွပ်ကဲမှူးက ခရိုင်အဆင့် ဌာနဆိုင်ရာ များအနေဖြင့် မိမိတို့၏ လုံခြုံရေး ကိစ္စရပ်များ ၊ တရားဉပဒေစိုးမိုးရေး ၊ တရားမဝင်လူကုန်ကူးမှုများ နှင့် တရားမဝင် ရောင်းဝယ်ဖောက်ကား နေသည့် များကို တားဆီးနိုင်ရေး ကိစ္စရပ်များ ၊ ဌာနများအလိုက် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက် နေမှု မြေပြင် အခြေ အ နေ များ ၊ ကိုဗစ်-၁၉ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးမည့် အခြေအနေများ နှင့် လုပ်ငန်း များ ဆောင်ရွက်ရာ တွင်  အခက်အခဲ တစ်စုံတစ်ရာ ရှိပါက အချိန်နှင့်တစ်ပြေးညီ တင်ပြကြရန် မှာကြားပြီး မိမိ အနေဖြင့် လိုအပ်သည်များကို ကူညီပေါင်းစပ် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

 ထို့နောက် ဌာနဆိုင်ရာများက မိမိတို့၏ ဌာနများ အလိုက် လက်ရှိဆောင်ရွက်နေသည့် အခြေအနေများ နှင့်  ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများအား တင်ပြဆွေးနွေး ကြတင်ပြခဲ့ကြရာ လိုအပ်သည် များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။


အောင်ကျော်စိန်၊ သက်လွင်စိုး

https://t.me/MyanmarNationalPost

No comments:

Post a Comment