Pages

Pages

ဂွမြို့ ဆပ်သွားဘိနယ် အတွင်းတွင် တရားမဝင် သစ်ခွဲသားများ ပိုင်ရှင်မဲ့ ဖမ်းဆီးရမိ





MNP - ဒီဇင်ဘာ   ၂၉

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့ ဆပ်သွားကျေးရွာ အုပ်စု၊ ဆင်ကူးကျေးရွာအနီး ဒေသအခေါ် ညောင်နှစ်ပင်ရေဆိပ်တွင် ယနေ့ နေ့လည်ပိုင်းက တရားမဝင် တောင်သရက်ခွဲသားများ ပိုင်ရှင်မဲ့ ဖမ်းဆီးရမိကြောင်း သိရသည်။


ဆပ်သွားဘိနယ်အတွင်း တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများ ထုတ်ယူသယ်ဆောင်ခြင်း မရှိစေရေး အတွက်  နယ်မြေခံရဲတပ်ဖွဲ့နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးပါဝင်သော ပူးပေါင်းအဖွဲ့သည်  ဆပ်သွားကျေးရွာ အုပ်စု၊ ဆင်ကူးကျေးရွာအနီး ဒေသအခေါ် ညောင်နှစ်ပင်ရေဆိပ်တွင် တရားမဝင်သစ်များ စုပုံထားကြောင်း သတင်းအရ  နယ်မြေရှင်းလင်းဆောင်ရွက်ခဲ့ရာ တရားမဝင် ကညင်သစ်ခွဲသား(၁၄)ချောင်း ၊(၂.၅၆၈၂)တန်နှင့် တောင်သရက်ခွဲသား(၁၈)ချောင်း ၊(၄.၁၁၈၂)တန်အား ပိုင်ရှင်မဲ့ဖမ်းဆီးရမိခဲ့ကြောင်း မြို့နယ်ရဲတပ်ဖွဲ့ထံမှ သိရသည်။


အဆိုပါဖမ်းဆီးရမိသော သစ်ခွဲသားများအား  မြန်မာ့သစ်လုပ်ငန်း(ဂွမြို့)သို့ ပို့ဆောင်၍ သစ်တောဦးစီးဌာန ၏ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။


မိုးစက်

https://t.me/MyanmarNationalPost

No comments:

Post a Comment