MNP - ဒီဇင်ဘာ ၂၃
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်တွင် စားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံနေကြာ မိုးလယ်နှင့် ဆောင်းနေကြာ စိုက်ပျိုးရန် (၅၈၉၅)ဧကလျာထားရာ ဒီဇင်ဘာလ ၂၁ ရက်နေ့အထိ သီးသန့်(၂၅၅)ဧကနှင့် သီးညှပ်(၄၈၅၂)ဧက စုစုပေါင်း(၅၀၇၇)ဧက စိုက်ပျိုးပြီးဖြစ်သည်။
ထိုသို့ဆီထွက်သီးနှံနေကြာများ အောင်မြင်စွာစိုက်ပျိုးနိုင်ရန် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက တောင်သူများအား နေကြာနှင့်ပတ်သက်၍ အသိပညာပေးစည်းရုံးခြင်း၊ မျိုးစေ့ထောက်ပံ့ခြင်း၊ ကွင်းဝန်ထမ်းများက စိုက်ပျိုးနည်းစနစ်များ လက်တွေ့ပညာပေးခြင်းတို့ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
https://t.me/MyanmarNationalPost


No comments:
Post a Comment