Pages

Pages

ကချင်ပြည်နယ်၏ ‌ဘောလုံးအားကစား အဆင့်အတန်းတိုးတက်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

 



MNP - ဒီဇင်ဘာ  ၁၈


ကချင်ပြည်နယ်၏ ဘောလုံးအားကစားအဆင့်အတန်း တိုးတက်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကို မြစ်ကြီးနားမြို့ရှိ ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာန မိုးလုံလေလုံ အားကစားခန်းမ၌ ယမန်နေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်ရာ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်းက အဖွင့်အမှာစကား ပြောကြားခဲ့သည်။


ထို့နောက် ကချင်ပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်သူက အလုပ်ရုံဆွေးနွေးပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်များအားရှင်းလင်တင်ပြပြီး ပြည်နယ်၏ဘောလုံး အားကစားအဆင့်အတန်း တိုးတက်မြင့်မားရေး စာတမ်းရှင်များက အကြံပြုစာတမ်းများ ဖတ်ကြားဆွေးနွေးခဲ့ရာ တက်ရောက်လာသူများက စာတမ်းများအပေါ် အပြန်အလှန်ဆွေးနွေး သုံးသပ်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။


ယင်းနောက် တက်ရောက်လာကြသည့် ပြည်နယ်အဆင့် ဌာနဆိုင်ရာများနှင့် အားကစား ဆပ်ကော်မတီများက အုပ်စုခွဲ၍ ရှေ့ဆက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များအား ဆွေးနွေးသတ်မှတ်ခဲ့ကြပြီး ကချင်ပြည်နယ် လူမှုရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများက စာတမ်းရှင်များအား ဂုဏ်ပြုချီးမြှင့်ငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွာများ ချီးမြှင့်ပေးအပ်ခဲ့သည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment