Pages

Pages

ရပ်စောက်၌ မူလတန်းဆင့် ကလေးများအတွက် ကာယ၊ ဉာဏ ဂိမ်းကစားပွဲကျင်းပ



MNP  -  ဒီဇင်ဘာ  ၂၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ မူလတန်းဆင့် ကလေးများအတွက် ကာယ၊ ဉာဏဂိမ်း ကစားပွဲကို ယမန်နေ့မွန်းလွဲ(၁)နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်စုစုလှိုင်က ကျောင်းသားလူငယ်များ တစ်ဦးနှင့်တစ်ဦး ချစ်ခင်ရင်းနှီးမှုများရစေရန်နှင့် ကလေးများပျော်ရွှင်ကြည်နူးစေရန် ရည်ရွယ်၍ ကာယ၊ ဉာဏဂိမ်း ကစားပွဲပြုလုပ်ပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် အမှတ်(၃)အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)မှ မူလတန်းအဆင့် ကျောင်းသား/ သူများက ပါဆယ်ဂိမ်းကစားခြင်းနှင့် ဘောလုံးပစ်ကစားခြင်းတို့ကို စုပေါင်းပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ကြကြောင်း သိရသည်။ 

 https://t.me/MyanmarNationalPost

No comments:

Post a Comment