Pages

Pages

သနပ်ပင်မြို့နယ်တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေး



MNP -  ဒီဇင်ဘာ ၂၁

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏  ဦးဆောင်မှုဖြင့် သနပ်ပင်မြို့နယ်တွင် (၇၅)နှစ်မြောက်စိန်ရတု လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါ စသည့်ရောဂါများအား အခမဲ့စမ်းသပ်ကုသပေးခြင်းလုပ်ငန်းကို ယနေ့ နံနက် (၉) နာရီခွဲအချိန်က မြို့နယ်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။


 အဆိုပါ   အခမဲ့ဆေးကုသခွင့်တွင် သနပ်ပင်မြို့နယ်အတွင်း အငြိမ်းစားနိုင်ငံဝန်ထမ်း(၅၁) ဦးအား  ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါ စသည့်များအား အဓိက စမ်းသပ်ကုပေးလျက်ရှိကြောင်းသိရသည်။


သနပ်ပင်မြို့နယ်အတွင်း အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား အခမဲ့ဆေးကုသခြင်းလုပ်ငန်းကို မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်လင်းထက်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ မြို့နယ် ဆရာဝန်ကြီးနှင့် ကျန်းမာရေးဝန်ထမ်းများပူးပေါင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။

လှမိုး

https://t.me/MyanmarNationalPost

No comments:

Post a Comment