Pages

Pages

ပြင်ဦးလွင်မြို့နယ်အတွင်း အခြေခံမော်တော်ဆိုင်ကယ်ပြုပြင် ထိန်းသိမ်းနည်းသင်တန်းအမှတ်စဉ် (၂/၂၀၂၂) ဆင်းပွဲကျင်းပ


MNP -  ဒီဇင်ဘာ ၂၂   

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန၊  အခြေခံမော်တော် ဆိုင်ကယ်ပြုပြင် ထိန်းသိမ်းနည်း သင်တန်းအမှတ်စဉ် (၂/၂၀၂၂) ဆင်းပွဲကို  ယမန်နေ့  ညနေ (၄) နာရီက  ပြင်ဦးလွင်မြို့နယ်၊ ကံကြီးကုန်းကျေးရွာ၊ ဒိုးပင်အောင်ကံသာပရဟိတကျောင်းရှိ ဓမ္မာရုံ၌ ကျင်းပပြုလုပ်ရာ တာဝန်ရှိ သူများ၊  သင်တန်းနည်းပြဆရာများနှင့် သင်တန်းသားများ တက်ရောက်ကြသည်။ 


ရှေးဦးစွာ ပြင်ဦးလွင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်  ဦးစိုင်းအောင်ကြည်မှ သင်တန်းဆင်း  အမှာစကားပြောကြားပြီး တာဝန်ရှိသူ များက  အခြေခံမော်တော်ဆိုင်ကယ် ပြုပြင်ထိန်းသိမ်းနည်း သင်တန်းအမှတ်စဉ် (၂/၂၀၂၂) တွင် ဆုရရှိသော သင်တန်းသားအား  ဆုချီးမြှင့်ခြင်း၊ သင်တန်းဆင်း လက်မှတ်များ၊ ထောက်ပံ့ပစ္စည်းများနှင့် သင်တန်းသားစားစရိတ်များအား အသီးသီးပေးခဲ့ကြသည်။  


အဆိုပါ  အခြေခံမော်တော်ဆိုင်ကယ်ပြုပြင် ထိန်းသိမ်းနည်းသင်တန်း အမှတ်စဉ် (၂ /၂၀၂၂) ကို ပြင်ဦးလွင်မြို့နယ်၊ ကံကြီးကုန်း ရပ်ကွက်၊ ဒိုးပင်အောင်ကံသာပရဟိတကျောင်းရှိ ဓမ္မာရုံ၌ (၂၂-၁၁- ၂၀၂၂)  ရက်နေ့မှ (၂၁ - ၁၂- ၂၀၂၂) ရက်နေ့အထိ  သင်တန်းကာလ (၁) လဖြင့်  နံနက် ၉ နာရီ ၃၀ အချိန်မှ ညနေ ၄ နာရီ ၃၀ အထိ သင်တန်းနည်းပြဆရာများမှ  အင်ဂျင်ဟက် အစိတ်အပိုင်းများ အလုပ်လုပ်ပုံ၊ ကာဗြူရေတာအလုပ်လုပ်ပုံ၊ အင်ဂျင်ဘလောက် အစိတ်အပိုင်းများ အလုပ်လုပ်ပုံ၊ အင်ဂျင်ကလပ် အုံခြမ်းလုပ်ဆောင်ချက်၊ အင်ဂျင်သံလိုက်အုံခြမ်း လုပ်ဆောင်ချက်၊ အင်ဂျင်၏ အစိတ်အပိုင်းများနှင့် အစိတ်အပိုင်းတစ်ခုခြင်းစီ၏ လှုပ်ရှားပြုလုပ်ပုံအဆင့်ဆင့် နှင့် ဆိုင်ကယ် တစ်စီးလုံးတွင် ပါဝင်သော ပစ္စည်း အစိတ်အပိုင်းများအားလုံးအား အသေးစိတ်ပြုပြင် ထိန်းသိမ်း တပ်ဆင်နည်းများ စသည်တို့ကို စာတွေ့လက်တွေ့ စနစ်တကျသင်ကြားပို့ချခဲ့ရာ  ပြင်ဦးလွင်မြို့နယ်၊ ကံကြီးကုန်း ကျေးရွာမှ  သင်တန်းသား (၂၀) ဦး  တက်ရောက်သင်ကြားပေးခဲ့ပါကြောင်း တာဝန်ရှိသူတစ်ဦး၏  ပြောကြားချက်အရ  သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment