Pages

Pages

(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဘုရင့်နောင် လမ်းကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ ကျင်းပ



MNP -  ဒီဇင်ဘာ ၂၆

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရွာမရပ်ကွက်၊ ဘုရင့်နောင်လမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကို ယနေ့နံနက်၈နာရီက အဆိုပါလမ်းတွင် ကျင်းပသည်။


အခမ်းအနားတွင် နတ်တလင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးဟန်ရှိန်က ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဘုရင့်နောင်လမ်း ကွန်ကရစ်လမ်းသစ် ဖွင့်လှစ်ပေးရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားကာ ရပ်ကွက်နေ ပြည်သူတစ်ဦးမှ ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၁) ဒုတိယဗိုလ်မှူးကြီး ထက်မျိုးအောင်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဟန်ရှိန်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဖြိုးဝေစိုးတို့မှ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။


အဆိုပါ ကွန်ကရစ်လမ်းသစ်ကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ခွင့်ပြုရန်ပုံငွေကျပ် ၈၀ ဒဿမ၄၄သန်း ဖြင့် Trillion Engineering United ကုမ္ပဏီက တာဝန်ယူခင်းကျင်းခဲ့ခြင်းဖြစ်ပြီး အကျယ် ၁၂ပေ၊ အရှည် ၁၉၂၀ပေ၊ထု ၈လက်မရှိကြောင်းနှင့် အိမ်ခြေ ၁၅၁၆အိမ်၊ လူဦးရေ ၆၂၀၈ ဦး၊ အကျိုးပြုမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိထံမှ သိရသည်။


ဝေယံဖြိုး

https://t.me/MyanmarNationalPost

No comments:

Post a Comment