Pages

Pages

မင်းကင်းမြို့တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အကြို အထိမ်းအမှတ် အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ

 




MNP- ဒီဇင်ဘာ ၆


၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ လူထုအားကစားပွဲနှင့် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၄)ရက်နေ့တွင် ကျရောက် မည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အကြိုအထိမ်းအမှတ် အားကစားပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ညနေ ၂နာရီက ပြည်သူ့အားကစားကွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ ပြိုင်ပွဲဝင် အားကစားသမားများက ကွင်းအတွင်း နေရာယူကြပြီး မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရန်နိုင်ထွန်းက အဖွင့်အမှာစကားပြောကြားကာ ပြိုင်ပွဲဝင် အားကစားသမားများအား မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများက လိုက်လံနှုတ်ဆက်ခဲ့ကြပြီးနောက် ပြိုင်ပွဲဝင်အားကစားသမားများက အကစားသစ္စာအဓိဌာန်ရွတ်ဆိုပြီး စစ်ကြောင်းပုံစံဖြင့် ချီတက်အလေးပြု၍ အားကစားကွင်း အတွင်းမှ ပြန်လည်ထွက်ခွါခဲ့ကြသည်။


ဆက်လက်၍ ဖူဆယ်ဘောလုံးပြိုင်ပွဲ ကစားခဲ့ကြရာ အုပ်စု(က)မှ ကံအသင်းနှင့် မြို့မ(၁)အသင်း တို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ မြို့မ(၁)အသင်းက ၄ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။


အဆိုပါ အားကစားပြိုင်ပွဲတွင် ဖူဆယ်၊ ပိုက်ကျော်ခြင်း၊ စစ်တုရင်၊ စားပွဲတင်တင်းနစ်၊ မီတာ (၁၀၀)အပြေးပြိုင်ပွဲ၊ မီတာ(၄၀၀)အပြေးပြိုင်ပွဲ၊ လှံတံပစ်နှင့် သံလုံးပစ်ပြိုင်ပွဲများ ပါဝင် ယှဉ်ပြိုင်ခဲ့ကြမည်ဖြစ်ကြောင်း သိရသည်။


သတင်း - မင်းကင်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment