ပြည်ထောင်စုဝန်ကြီး ဦးလှမိုး သာစည်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး သာစည်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး



MNP  -  ဒီဇင်ဘာ ၂၉

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်အတွင်း ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။


ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် သာစည်မြို့နယ် ကြက်မောက်ကျေးရွာသို့ ရောက်ရှိပြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနတို့မှ အကောင် အထည်ဖော် ဆောင်ရွက်ခဲ့သည့် ရဲဘော်(၂)ဆည်နှင့် ပျူတွင်းဆည် ပြုပြင်တူးဖော်ခြင်းနှင့် ရေပေး မြောင်း တူးဖော်ခြင်း ဆောင်ရွက်ပြီးစီးမှုအခြေအနေကို ကြည့်ရှုစစ်ဆေးပြီး ကျေးရွာနေ တောင်သူများ အနေဖြင့် ဆည်ရေနှင့်စိုက်ပျိုးနိုင်သည့် စိုက်ပျိုးမြေများတွင် အမှန်တကယ် စိုက်ပျိုးကြစေလိုကြောင်း၊ ကျေးရွာသမဝါယမအသင်းအဖွဲ့များစုဖွဲ့၍ ဆောင်ရွက် ကြစေလိုကြောင်း၊ စိုက်ပျိုးရေးဦးစီးဌာန ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနတို့ကလည်း လိုအပ်သည်များ၊ နည်းပညာများ ကူညီဆောင်ရွက်ပေးရန်လိုအပ်ကြောင်း မှာကြားသည်။


အဆိုပါ ဆည်များနှင့် ရေပေးမြောင်းများ တူးဖော်နိုင်ခြင်းကြောင့် ကြက်မောက်ကျေးရွာအပါ အဝင် ကျေးရွာငါးရွာရှိ တောင်သူများ၏ လယ်မြေ ဧက ၂၀၀၊ ယာမြေဧက ၅၀၀ စုစုပေါင်း စိုက်ပျိုးမြေဧက ၇၀၀ အကျိုးပြုနိုင်ခဲ့ကြောင်း သိရသည်။


ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ကြက်မောက်ကျေးရွာ အသင်းသား ၁၇၀ ဖြင့် ဖွဲ့စည်းထားသော အေးမြသာယာလယ်ယာနှင့် အထွေထွေစီးပွားသမဝါယမအသင်းလီမိတက်၏ အေးမြသာယာ ကုန်ပဒေသာအရောင်းဆိုင်သို့လည်းကောင်း၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတွင် သင်တန်းတက်ရောက်ခဲ့သည့် သင်တန်းသူများ တစ်နိုင်တစ်ပိုင် စက်ချုပ်လုပ်ငန်းဆောင်ရွက်နေမှုများကိုလည်းကောင်း သွားရောက်ကြည့်ရှုစစ်ဆေးပြီး သမဝါယမအသင်းသစ်များ ဖွဲ့စည်း၍ ကန်ထရိုက်လယ်ယာစနစ် ဆောင်ရွက်ရန်နှင့် သင်တန်းသူများအား အထည်ချုပ်စက်ရုံများနှင့် ဆက်လက် ချိတ်ဆက် ဆောင်ရွက်ပေးရန် ပြောကြားသည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကြက်မောက်ကျေးရွာ၌ ကျေးလက်စီးပွားမြင့်မားရေး စီမံကိန်းရန်ပုံငွေ ကျပ်သိန်း ၃၀၀၊ ကျေးရွာနေ ပြည်သူထည့်ဝင်ငွေကျပ် သိန်း ၁၀၀ တို့ဖြင့် ဆိတ်မွေးမြူရေးအသင်းဝင် ၂၀ ဖြင့် ဖွဲ့စည်းထားသည့် ဆိတ်မွေးမြူရေးအစုအဖွဲ့နှစ်ဖွဲ့၏ ဆိတ် အကောင်ရေ ၁၅၀ မွေးမြူထားရှိမှုကိုလည်းကောင်း၊ အသင်းဝင် ၃၀ ဖြင့် ဖွဲ့စည်းထားသည့် နွားမွေးမြူရေး အစုအဖွဲ့နှစ်ဖွဲ့၏ နွားအကောင်ရေ ၃၀ မွေးမြူထားရှိမှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး မွေးမြူထားသည့် ဆိတ်နှင့်နွားများ တိရစ္ဆာန်ရောဂါများ မဖြစ်ပွားစေရေး အမြဲမပြတ်စောင့်ကြည့်ကြရန်၊ ရောဂါများ ကြိုတင်ကာကွယ်နိုင်ရေး လိုအပ်သည့် ကာကွယ်ဆေးများ ထိုးနှံထားရန်နှင့် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)