Pages

Pages

ရွှေကျင်မြို့တွင် နိုင်ငံတော် ဩဝါဒစရိယ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တလက္ခဏ သက်တော် (၇၅) နှစ်ပြည့် စိန်ရတုမွေးနေ့အထိမ်းအမှတ် အခမ်းအနားကျင်းပ





MNP  -  ဒီဇင်ဘာ ၂၉

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ် ရှမ်းကြေးရပ်ကွက်၊ ဘုရားကြီးလမ်းရှိ မဟာပညာ့ဗိမ္မာန် စာသင်တိုက်တွင် ကျောင်းတိုက်ဆရာတော် နိုင်ငံတော်ဩဝါဒစရိယ အဂ္ဂမဟာပဏ္ဍိတဘဒ္ဒန္တလက္ခဏ သက်တော် (၇၅) နှစ် ဝါတော် (၅၇) ဝါ၏ စိန်ရတုမွေးနေ့ အထိမ်းအမှတ် အခမ်းအနားအား ယမန်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့‌ကြောင်း သိရသည်။


အခမ်းအနားသို့ ဆရာတော်၏ ပင့်ဖိတ်ထားသော ဆရာတော်ကြီးများ၊ စစ်ဗျူဟာ (အခြေချ) (ရွှေကျင်)မှ ဗျူဟာမှူး ဗိုလ်မှူးကြီး ကျော်ဖုန်းအောင်၊ ရွှေကျင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဥက္ကဋ္ဌ ဦးလှမင်းသူနှင့် အဖွဲ့ဝင်များ၊ ခေတ္တမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကိုကိုဇော်၊ မြို့မိ/မြို့ဖများ၊ ဖိတ်ကြားထာသော အနယ်နယ်အရပ်ရပ်မှ ဧည့်သည်များ၊ ဒေသခံဧည့်ပရိတ်သတ်များ စုစုပေါင်း အင်အား (၁၀၀၀) ဦးခန့် တက်ရောက်ခဲ့ကြသည်။


အဆိုပါ အခမ်းအနားတွင် ဆရာတော်ကြီးမှ ဩဝါစကားမြွက်ကြားကာ ဖွင့်လှစ်ပေးခဲ့ပြီး ဆရာတော်ကြီး၏ ထေရုတ္တပတ္တိ အကျဉ်းအား ဖတ်ကြား၍ ဆရာတော်ကြီး၏ မွေးနေ့အား စည်ကား သိုက်မြိုက်စွာကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။


ထွန်းထွန်းဇော်

https://t.me/MyanmarNationalPost

No comments:

Post a Comment