Pages

Pages

အမ်းမြို့နယ် ကမ်းဒိတ်ကျေးရွာ အခြေခံပ ညာမူလတန်းလွန်ကျောင်း သဘာဝဘေးအန္တ ရာယ် ဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပ




MNP  -   ဒီဇင်ဘာ ၃၁

 ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်၌ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ဘေးအန္တ ရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် LWF လူသရမ်ဝေါလ်ဖက်ဒရေးရှင်း(မြန်မာ)တို့ပူးပေါင်း၍ သဘာဝဘေးအန္တရာယ်အသိ ပညာပေး ဟော ပြောပွဲကို ယမာန်နေ့နေ့လယ်က ကမ်းဒိတ်ကျေးရွာ အခြေခံ ပညာမူလတန်းကျောင်းတွင်ကျင်းပ ပြုလုပ်ခဲ့သည်။


 အဆိုပါသဘာဝဘေး အန္တရာယ် အသိပညာပေးဟောပြောပွဲတွင်အခြေခံပညာမူလတန်းလွန်ကျောင်းရှိ ကျောင်းသားကျောင်း သူများအား မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသန်းထွန်းဦးက အဖွင့်အမှာစကားပြောကြားပြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မေထားဇော်က ငလျင်ဘေးအတွက်ကြိုတင်ပြင်ဆင်ရန်များ၊ ငလျင်လှုပ်နေစဉ်တွင်လိုက်နာရန်အ ချက်များ၊ငလျင်လှုပ်နေစဉ်တွင် ရှောင်ရှား သင့်သည့်အချက်များ၊ ငလျင်လှုပ်ပြီးနောက် ပြုလုပ်ရန်အ ချက်များ၊ ငလျင်လှုပ်ပြီးနောက် ရှောင်ရှားသင့်သည့်အချက်များ၊ သဘာဝဘေး အန္တရာယ်နှင့်ပတ် သက်၍ အသိပညာပေးဟောပြောဆွေး နွေးခဲ့သည်။


ဆက်လက်၍ LWF လူသရမ်ဝေါလ်ဖက်ဒရေးရှင်း(မြန်မာ)မှ တာဝန်ရှိသူတစ်ဦးက လူသရမ်ဝေါလ်ဖက်ဒရေးရှင်း (မြန်မာ)အဖွဲ့ ဖြစ်ပေါ် လာပုံအကြောင်း၊ ကလေး သူငယ်(ဥပဒေ)နှင့်ပတ် သက်၍ ဆွေးနွေးဟောပြောပြီး မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယဦးစီးမှူးဦးလှောင်က ကလေးသူ ငယ်အခွင့်အရေးများဆိုင်ရာ အသိ ပညာပေးဟောပြောဆွေး နွေးခဲ့ကြောင်းသိရ

သည်။


စိုးမင်းထွန်း

https://t.me/MyanmarNationalPost

No comments:

Post a Comment