Pages

Pages

မာန်အောင် အ-ထ-က ကျောင်းဝန်းကျင် သန့်ရှင်းသာယာလှပရေး ဌာနဆိုင်ရာ ဝန်ထမ်းများ စုပေါင်းသန့်ရှင်းရေးများဆောင်ရွက်






MNP  -  ဒီဇင်ဘာ ၂၄

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်၌ မြို့အင်္ဂါရပ်နှင့်အညီ ပတ်ဝန်းကျင် သန့်ရှင်းသာယာ လှပစေရေး ဌာနဆိုင်ရာဝန်ထမ်းများ အပတ်စဥ် စနေနေ့တိုင်း စုပေါင်းသန့်ရှင်းရေးများ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်၈နာရီက မာန်အောင်မြို့ ရန်အောင်မြင်ရပ်ကွက်ရှိ အ-ထ-က ၌ ကျောင်းဝန်းကျင် သန့်ရှင်း သာယာလှပစေရေးအတွက် သန့်ရှင်းရေးများဆောင်ရွက် ခဲ့ကြသည်။


     အဆိုပါ စုပေါင်းသန့်‌ရှင်းရေး များဆောင်ရွက်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ကြီးကြပ်မှုဖြင့် မြို့နယ်ဌာနဆိုင်ရာနှင့် ဝန်ထမ်းများ၊မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့်အမျိုးသမီးရေးရာအဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က မာန်အောင်အ-ထ-က ကျောင်းဝန်းကျင်ရှိ ချုံနွယ် ပိတ်ပေါင်း၊အမှိုက်များကို ခုတ်ထွင်ရှင်းလင်း သန့်ရှင်းရေးများ ဆောင်ရွက်ကြပြီး အမှိုက်များကို မြို့နယ်စည်ပင်သာယာရေ းအဖွဲ့ပိုင် အမှိုက်ကားဖြင့်  စနစ်တကျ စွန့်ပစ်ကာ သန့် ရှင်းရေးများဆောင်ရွက်ခဲ့ကြောင်းသိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment