Pages

Pages

အန်ကူကူအား ချဲလ်ဆီး အသင်း ခေါ်ယူပြီးဖြစ်





MNP - ဒီဇင်ဘာ  ၂၀ 

 လန်ဒန်မြို့ခံ အခြေစိုက် အသင်းတစ်သင်းဖြစ်သည့် ချဲလ်ဆီးအသင်း ပိုင်ရှင်အပြောင်းအလဲ၊နည်းပြအပြောင်းအလဲများကြောင့် အသင်းအခြေအနေများလှုပ်ခတ်လျက်ရှိရာ ယခုနှစ် နွေရာသီ အပြောင်းအရွှေ့မှာလည်း ကစားသစ်များစွာ ခေါ်ယူမှုများ ပြုလုပ်ခဲ့သည်။


 ချဲလ်ဆီးအသင်းသည် အသက်၂၅ နှစ် အရွယ် အာဘီလိုက်စ်ဇစ် အသင်းတိုက်စစ်မှူး အန်ကူကူအား ခေါ်ယူရန် စာချုပ်ကိစ္စ အားလုံး သဘောတူ ချုပ်ဆိုပြီး ဖြစ်ပြီး  လာမဲ့ ၂၀၂၃ နွေရာသီတွင် ချဲလ်ဆီးအသင်း နှင့် တရားဝင် ပူးပေါင်းမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်


အဆိုပါ ပြင်သစ်တိုက်စစ်မှူးသည် သည် ယမန်နှစ် ဘောလုံးရာသီတွင် ၂၀ ဂိုးသွင်း၊ ၁၃ ဖန်တီးထားပြီး ယခုနှစ်ရာသီတွင်လည်း   အာဘီလိုက်စ်ဇစ် အသင်းအတွက် ၁၂ ဂိုးယူထားပြီး ဘွန်ဒက်စ်လီဂါ အမှတ်ပေးဇယားတွင် အဆင့် ၃ ရအောင် အကောင်းဆုံး စွမ်းဆောင်ပေးထားသူလည်း ဖြစ်သည်။


souce - Frabrozio Romano


မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment