Pages

Pages

မြန်အောင်၌ ၁၃၈၄ (၂၀၂၂)ခုနှစ် အဘိဓမ္မာနှင့် ဝိသုဒ္ဓိမဂ်စာမေးပွဲ ကျင်းပပြုလုပ်



MNP - ဒီဇင်ဘာ ၁၀


သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာန ၁၃၈၄ (၂၀၂၂)ခုနှစ် အဘိဓမ္မာနှင့် ဝိသုဒ္ဓိမဂ်စာမေးပွဲကို ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့ မုံရွာကျောင်းတိုက် ဓမ္မာရုံတွင် ယမန်နေ့ မွန်းတည့် ၁၂ နာရီက ကျင်းပပြုလုပ်ခဲ့သည်။


၁၃၈၄ (၂၀၂၂)ခုနှစ် အဘိဓမ္မာနှင့် ဝိသုဒ္ဓိမဂ်စာမေးပွဲကို မြို့နယ် သံဃနာယက ဥက္ကဋ္ဌ ဘဒ္ဒန္တ ဓမ္မောဒယနှင့် အဖွဲ့ဝင်ဆရာတော်များ ကြီးကြပ်၍ မြို့နယ်သာသနာရေးဦးစီးဌာနဦးစီးမှူးနှင့် ဝန်ထမ်းများက ကြီးကြပ်ဆောင်ရွက်ပေးကြသည်။


မြန်အောင်မြို့နယ်အတွင်း (၂၀၂၂)အဘိဓမ္မာနှင့် ဝိသုဒ္ဓိမဂ်စာမေးပွဲ ကျင်းပပြုလုပ်ရာ ပထမနေ့ အဘိဓမ္မာရိုးရိုး ပထမအဆင့် ဖြေဆိုသူ  (၂၉) ဦးရှိပြီး ၁၀-၁၂-၂၀၂၂ နေ့တွင်  အဘိဓမ္မာရိုးရိုး ဒုတိယအဆင့် စာမေးပွဲ ဆက်လက်ကျင်းပ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။  


သတင်း - ဝင်းဗိုလ် 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment