Pages

Pages

မားသီးယက် ကွန်ဟာ ကို ခေါ်ယူတော့မယ် ဝူဗာဟန်တန်



MNP - ဒီဇင်ဘာ   ၂၀


ပရီးမီးယားလိပ်မှာ မာကျောတဲ့ ကစားဟန် ဖြင့် အသင်းကြီးတွေကို အမြဲတမ်း ဒုက္ခပေးလေ့ရှိသည့် ဝူဗာဟန်တန် အသင်းသည် ယခုဘောလုံးရာသီတွင် အဓိက ကစားသမားများ ထွက်ခွာသွားမှုကြောင့် အတော်လေး ရုန်းကန်နေရပြီး အမှတ်ဇယား အဆင့်နောက်ဆုံးတွင် ကျရောက်လျက်ရှိသည်။


ဝုအသင်းသည်  အက်သလက်တီကို တိုက်စစ်မှူး မားသီးယက် ကွန်ဟာ ကို ပြောင်းရွေ့ ကြေး ပေါင်သန်း ၄၀နှင့် ၅၀ ကြားဖြင့် ခေါ်ယူရန် အသင်းနှင့် နှုတ်အားဖြင့် သဘောတူညီမှု ရရှိခဲ့ပြီး ကစားသမားဖြစ်သူနှင့်လည်း ပုဂ္ဂိုလ်ရေး သဘောတူညီ မှု ရယူထားပြီးဖြစ်သည်။


အဆိုပါ အသက် ၂၃ နှစ် အရွယ် ဘရာဇီးသား တိုက်စစ်ကစားသမားလေးသည် လက်ရှိ ပွဲပေါင်း ၁၁ ပွဲ ကစားပြီး ဂိုးဖန်တီးမှု ၂ကြိမ် ပြုလုပ်ထားသည်။


souce - Frabrozio Romano 


မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment