Pages

Pages

မာန်အောင်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှဦးဆောင်သည့်စစ်ကြောင်း(၅)ကြောင်းမှကွင်းဆင်း၍ ဒေသခံပြည်သူများနှင့်တွေ့ဆုံ






MNP  -  ဒီဇင်ဘာ၂၀

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ကဦးဆောင်သည့်စစ်ကြောင်း(၅) ကြောင်းမှ ယနေ့မွန်းလွဲပိုင်းတွင်စမုံတဲကျေးရွာအုပ်စု၊စမုံတဲကျေးရွာသို့သွားရောက်ပြီး ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ဒေသခံပြည်သူများနှင့်တွေ့ဆုံကာ နယ်မြေလုံခြုံရေး၊ဒေသဖွံ့ဖြိုးရေးများကိုဆွေးနွေးဆောင်ရွက်ပေးခဲ့သည်။

   ထိုသို့ ဆွေးနွေးဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးမင်းဇော်ဟိန်းမှဒေသဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များကိုလည်ကောင်း၊အဖွဲ့ဝင် ဗိုလ်မှူးသူရိန်စိုးမှ နယ်မြေဒေသလုံခြုံရေးကိစ္စရပ်များကိုလည်းကောင်း ပြောကြားခဲ့ပြီး ဒေသခံပြည်သူများမှ  လိုအပ်ချက်များကို မေးမြန်း ဆွေးနွေး တင်ပြကြရာ သက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့်တာဝန်ရှိသူများမှ ပြန်လည် ရှင်းလင်းဖြေကြားခဲ့ကြသည်။

   အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊သက်ဆိုင်ရာ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်  ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြောင်းသိရသည်။

ဦးသိန်းဖေ

 https://t.me/MyanmarNationalPost

No comments:

Post a Comment