Pages

Pages

ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့တွင် အိမ်တွင်းမှုပညာသင်တန်းဖွင့်လှစ်


MNP  -  ဒီဇင်ဘာ ၃၁

ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့ နေ့လည် (၁)နာရီက လူငယ်လူရွယ်အမျိုးသမီးငယ်များ မိမိနေအိမ်တွင်နေထိုင်ပြီး မိသာစုအပို ဝင်ငွေရရှိစေရန် ရည်ရွယ်၍ လက်မှုပညာဖြစ်သော ပန်းကြယ်သီးပြုလုပ်နည်း သင်တန်းကို ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။


ရှေ့ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒေသအဆင့်ရုံး ဦးစီးအရာရှိ ဒေါ်နန်းထားထားလှိုင်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး (Youth Cloup) အဖွဲ့ဝင် ဒေါ်ချိုချိုစန်းက “ပန်းကြယ်သီး” ပြုလုပ်ပုံများကို အဆင့်ဆင့်သင်ကြားပြသပေးရာ သင်တန်းတက်ရောက်သော အမျိုးသမီးငယ်များက စိတ်ပါဝင်စားစွာသင်ယူခဲ့ပြီး နားမလည်သူများကို မေးမြန်းခဲ့ကြောင်း သိရသည်။


နမ့်ဆန်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပညာရေးဌာန (Clup) အဖွဲ့ဝင်များ တို့နှင့်ပူးပေါင်းပြီး ဟောပြောပွဲ၊  ပြိုင်ပွဲများ၊ စာဖတ်ဝိုင်းများ၊ သင်တန်းများကို လစဉ်ပြုလုပ်ဆောင် ရွက်ပေးလျက်ရှိကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment