Pages

Pages

အမ်းမြို့နယ် အောက်ရွာကျေးရွာအုပ်စု၊ ကျော်ဇံဆီဆိုင်ကုန်း အနီး လမ်းဘေးဝဲယာတွင် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်





MNP  - ဒီဇင်ဘာ ၂၄

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊အမ်းမြို့နယ်၌ သန့်ရှင်းသာယာလှပရေး အောက်ရွာကျေး ရွာအုပ်စု၊ ကျော်ဇံဆီဆိုင်ကုန်းအနီး လမ်း ဆုံ လမ်းဘေးဝဲယာများတွင် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းကို ယနေ့ နံနက် (၇)နာရီအချိန်က ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ စုပေါင်းသန့် ရေးကို အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် အောင်ကျော်မင်း ဦးဆောင် ၍ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်ထက်၊ မြို့နယ်စီမံအုပ် ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊တပ်ရင်းတပ်ဖွဲ့များမှ တပ်မတော်သားများ၊ခရိုင်/မြို့ နယ် အထွေထွေအုပ် ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊  မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဝန်ထမ်းများ၊  ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်

ပြည်သူများ ပူးပေါင်းပါဝင်၍  မြစ်ပင်များ၊ သစ်ပင်ချုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်းကို  စုပေါင်း ဆောင်ရွက်ကြောင်းသိရသည်။

 

စိုးမင်းထွန်း

https://t.me/MyanmarNationalPost

No comments:

Post a Comment