Pages

Pages

ပြည်မြို့တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အနောက်စောင်းတန်းလမ်း ကွန်ကရစ်လမ်း ဖွင့်ပွဲအခမ်းအနား ကျင်းပ


MNP  -  ဒီဇင်ဘာ  ၃၀



ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အနောက်စောင်းတန်းလမ်း ကွန်ကရစ်လမ်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၈ နာရီက ကျင်းပသည်။


ရှေ့ဦးစွာ အနောက်စောင်းတန်းလမ်း ကွန်ကရစ်လမ်းအား ဒေသကွပ်ကဲရေးမှူး စစ်ဌာနချုပ် (ပြည်)ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ်အောင်နိုင်ဦး၊ ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းအောင်၊ ပြည်မြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးကိုကိုဦးတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။ အခမ်းအနားသို့ ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ်အောင်နိုင်ဦး၊ ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းအောင်နှင့်အဖွဲ့၊ ပြည်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနိုင်လင်းဦးနှင့်အဖွဲ့၊ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။


၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း အဆိုပါလမ်း အရှည်ပေ ၄၉၀ ပေ၊ ၁၈ ပေအကျယ်၊ ၈ လက်မဒုအား ခွင့်ပြုငွေ ကျပ်သန်း ၃၀.၆၀ သန်းနှင့် လမ်းဘေးအုတ်ရေမြောင်း ၂× ၄၈၀ ပေ × ၃ ပေ  × ၃ ပေ အား ခွင့်ပြုငွေ ကျပ်သန်း ၄၉.၆ သန်းတို့ဖြင့် မြို့နယ်စည်ပင် သာယာရေးအဖွဲ့ ရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment