Pages

Pages

ရခိုင်ပြည်နယ် မောင်တောမြို့နယ်၌ (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်နေ့ကို ကြိုဆိုဂုဏ်ပြိုသောအားဖြင့် ကလေးပြိုင်ပွဲကျင်းပမည်



MNP  -   ဒီဇင်ဘာ   ၂၁

ရခိုင်ပြည်နယ် မောင်တောမြို့၌  ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့်  ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၄  ရက် နေ့ တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့အထိမ်းအမှတ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကလေး ပြိုင်ပွဲကို ၂၀၂၃ ခုနှစ် ဇန်နဝါရီ  ၂ ရက်နေ့ နံနက် ၁၀ နာရီအချိန်  မောင်တော ခရိုင် ပြည်သူ့ ကျန်းမာရေးဦးစီးဌာန ၊ အစည်း အဝေးခန်းမ၌ ကျင်းပ ပြုလုပ်မည်ဖြစ်ပြီး ပြိုင်ပွဲများအနေဖြင့် အသက် ၆ လအောက် ၊ အသက် ၆ လမှ ၁ နှစ် ၊ ၁ နှစ် မှ ၂ နှစ် အရွယ်များအား အသက်အရွယ် (၃)ပိုင်းခွဲကာ ၊ အသက် အပိုင်း အခြားအလိုက် ပထမ ၊ ဒုတိယ ၊တတိယ ဆု များ ရွေးချယ်၍  (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် အခမ်းအနားတွင် ဆုချီးမြှင့်သွားမည်ဖြစ်သည်။ အဆိုပါ ကလေး ပြိုင်ပွဲ များအား  ကလေး များ၏ ကာယ ၊ ဉာဏဖွံ့ဖြိုးမှုအတွက် မိဘများအလေးထား စနစ်တကျ ပြုစု စောင့် ရှောက်တတ်စေရန် ၊ ဘဝ ရှေ့ဆောင် ရက် ၁၀၀၀ ကာလအတွင်း ကလေးများ၏ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကို အလေးပေး ဆောင်ရွက် တတ် စေရန်  နှင့် ကလေးပြိုင်ပွဲများ ကျင်းပခြင်းဖြင့် ရပ်ရွာအတွင်းရှိ မိဘများက မိမိရင်သွေးအား တန်ဖိုးထား စောင့်ရှောက် စေ ရန် စသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပရခြင်းဖြစ်ကြောင်းသိရသည်။

 မောင်တောမြို့နယ်အတွင်း မိမိတို့ရင်သွေးများ အတွက် စိတ်ပါဝင်စားစွာ ပြိုင်ပွဲဝင်လို့သည့် ကလေး များ အနေဖြင့် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးရုံးများသို့  ဒီဇင်ဘာ ၂၅ ရက် ရက်နေ့ အရောက် စာရင်း ပေးပို့ လျှောက် ထားရမည့်ဖြစ်ပြီး လာရောက်ယှဉ်ပြိုင်သည့် ကလေးများအား မောင်တောခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ အာဟာဖြည့် စွက် စာ အဖြစ် ကြက်ဉ ၊ ကွေကာ ၊ အိုဗာတင်း ၊ ပဲနို့ ၊ အိုင်အိုဒင်းဆားများ ထောက်ပံ့ပေးမည်ဖြစ်သည်။ 

သက်လွင်စိုး 

https://t.me/MyanmarNationalPost

No comments:

Post a Comment