Pages

Pages

တောင်ကြီးမြို့၌ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲ ကျင်းပ





MNP ၊ ဒီဇင်ဘာ ၂

၂၀၂၂ခုနှစ် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်းပွဲကို ဒီဇင်ဘာ(၂)ရက် နံနက်(၇)နာရီက တောင်ကြီးမြို့၊ ပြည်နယ်အားကစားကွင်း၌ ကျင်းပသည်။


ပြိုင်ပွဲတွင် အားကစားသမားများ အားကစားကွင်း (၁) ပတ် စုပေါင်းလမ်းလျှောက်ခြင်းကို ရှမ်းပြည်နယ်ဝန်ကြီး ချုပ် ဒေါက်တာကျော်ထွန်းက တာလွှတ်ပေးပြီး မသန်စွမ်း အားကစားသမားများအား ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးတို့က အသီးသီး ဆုတံဆိပ်နှင့် ငွေသားဆုများချီးမြှင့် ပေးကြသည်။


ဆက်လက်၍ အားကစားပြိုင်ပွဲများ ကျင်းပရာ အမျိုးသား၊မျိုးသမီး အသက် (၁၅)နှစ်အောက် (၇၅)မီတာ အပြေးပြိုင်ပွဲ၊ အမျိုးသား၊ အမျိုးသမီးအသက်(၁၅)နှစ်အောက် Softball ပြိုင်ပွဲများ ယှဉ်ပြိုင်ကြပြီး ဆုရရှိသူများကို အသီးသီး ဆုချီးမြှင့်ပေးကြသည်။


အဆိုပါ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ် အားစားပြိုင်ပွဲတွင် တောင်ကြီးမြို့၊ မသန်စွမ်း ဘုရားဖြူအဖွဲ့ ၊ New Lifeအဖွဲ့ ၊ New haventအဖွဲ့ အင်အားစုစုပေါင်း(၆၀)ခန့် ကျော်ပါဝင် ယှဉ်ပြိုင်ကြကြောင်း သိရသည်။


မောင်မောင်သန်း(တောင်ကြီး)

https://t.me/MyanmarNationalPost

No comments:

Post a Comment