Pages

Pages

ကျောက်ဆည်မြို့နယ် ဟံမြင့်မိုရ်(အ.ထ.က)တွင် ပညာသင်ကြားခဲ့သော အငြိမ်းစားဆရာကြီး၊ ဆရာကြီးများအား (သတ္တမ)အကြိမ်မြောက် ပူဇော်ကန်တော့ပွဲကျင်းပ



MNP ၊ ဒီဇင်ဘာ  ၂၅

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ ဟံမြင့်မိုရ်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် ပညာသင်ကြားခဲ့သော အငြိမ်းစား ဆရာကြီး၊ ဆရာမကြီးများအား (သတ္တမ)အကြိမ်မြောက်အဖြစ် ယနေ့နံနက်(၉)နာက အောင်သပြေမင်္ဂလာခန်းမတွင် မြတ်ဆရာပူဇော်ကန်တော့ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ အခမ်းအနားကို နမောတဿသုံးကြိမ်နှင့် အာစရိယဂုဏံအဟံဝန္ဒာမိ သုံးကြိမ်ရွတ်ဆို ကန်တော့ဖွင့်လှစ်ခဲ့ပြီး ကျောင်းသားဟောင်း ဦးကြည်စိုးက မြတ်ဆရာပူဇော်ပွဲ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး ဆရာကြီးဦးကျော်မောင်က ဝမ်းသာပီတိစကားများ ပြောကြားခဲ့သည်။


ထို့နောက် ဆရာကြီး၊ဆရာကြီး(၈၀)ဦးအား တစ်ဦးလျှင်ငွေကျပ်(၁)သိန်နှုန်းဖြင့် ကျောင်းသား၊ကျောင်းသူဟောင်းများက ပေးအပ်လှူဒါန်း ကန်တော့ခဲ့ကြပြီး ဆရာမကြီး ဒေါ်ခင်မိုးမြင့်က ဆုတောင်းမေတ္တာပို့ပြီး ဆုပေးစကားများပြောကြားခဲ့ကာ မြတ်ဆရာပူဇော်ပွဲ ဘဏ္ဍာရေးမှူး ဦးသန့်ဇင်က ငွေစာရင်းရှင်းတမ်းများ ဖတ်ကြားခဲ့ပြီး အခမ်းအနားရုပ်သိမ်းခဲ့ကြောင်း သိရသည်။


သက်မောင်

https://t.me/MyanmarNationalPost

No comments:

Post a Comment