Pages

Pages

မိုင်းယောင်မြို့၌ ငရုတ်တောင်သူများ ဝင်ငွေကောင်းနေ


MNP - ဒီဇင်ဘာ ၂၆

ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းယောင်းခရိုင် မိုင်းယောင်းမြို့၌ ဆောင်းသီးနှံ စိုက်ခင်းများတွင် ငရုတ်စိုက်၍ တစ်ကြိမ်စိုက် နှစ်သီးစားကာ ဝင်ငွေကောင်းလျက်ရှိကြောင်း ငရုတ်သီးစိုက် တောင်သူများထံမှ သိရသည်။


မိုင်းယောင်းမြို့နယ်တွင် ဒေသ၏ ရာသီဥတုနှင့် ကိုက်ညီပြီး အသီးများ၍ ဈေးကောင်း ရရှိသော မိုင်းယောင်းဒေသမျိုး မိုးထောင်ငရုတ်(အစပ်)ကို ဆောင်းသီးနှံ စိုက်ခင်းများတွင် စိုက်ပျိုးထားသည့်ပြင် လယ်ကန်သင်းဘေးများတွင်လည်း စိုက်ပျိုးကြသည်။


မိုးထောင်ငရုတ် တစ်ပင်လျှင် အဆုပ်သုံးလေးဆယ်ခန့်သီးပြီး တစ်ဆုပ်လျှင် ငရုတ်သီးတောင့် ၁၅ တောင့်ခန့်သီးကြောင်း၊ တစ်ကီလို ကျပ် ၃၅၀၀ ထိရရှိကာ တာချီလိတ်၊ ကျိုင်းတုံ ဈေးကွက်များကိုလည်း တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။


စိုင်းအောင်ဇော်လင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment