Pages

Pages

မိုင်းရှူးမြို့နယ်တွင် စစ်ကြောင်း(၅)ကြောင်းဖြင့် ကွင်းဆင်းဆောင်ရွက်



MNP -  ဒီဇင်ဘာ ၅


ရှမ်းပြည်နယ် (တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်တွင် စစ်ကြောင်း(၅)ကြောင်းဖြင့် ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က ပန်စွဲကျေးရွာအုပ်စု၊ လုံကော်ရွာရှိ ပန်စွဲကျေးရွာခန်းမ၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။


အဆိုပါ ကွင်းဆင်းဆောင်ရွက်ရာတွင် ပြည်သူ့ရေးရာစီမံခန့်ခွဲ‌ရေးစစ်ကြောင်း၊ နိုင်ငံရေးစစ်ကြောင်း၊ ‌စီးပွား‌ရေးစစ်ကြောင်း၊ လူမှုရေးစစ်ကြောင်း၊ စည်းရုံးရေး စစ်ကြောင်း (၅)ကြောင်း အဖွဲ့ဥက္ကဋ္ဌ ဦးစိုးလင်းထိုက်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ပန်စွဲကျေးရွာအုပ်ရှိ ရွာသူ၊ ရွာသားများနှင့် တွေ့ဆုံခဲ့ပြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးထွန်းမြင့်ဝင်းနှင့်အဖွဲ့ဝင်များက မွေးတိုး(၄၅)ဦး၊ သေဆုံးပယ်ဖျက်(၁၂) ဦးတို့အား One Stop Services ဖြင့် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


သတင်း - သန်းလူ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment