(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြုကြိုဆိုသောအားဖြင့် မြို့သစ်(၂)လမ်း ကွန်ကရစ်လမ်း ဖွင့်လှစ် - Myanmar National Post

Myanmar National Post

News Agency

Breaking

(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြုကြိုဆိုသောအားဖြင့် မြို့သစ်(၂)လမ်း ကွန်ကရစ်လမ်း ဖွင့်လှစ်





MNP ၊ ဒီဇင်ဘာ ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သာပေါင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၂-၂၀၂၃ ခုနှစ် ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းရန်ပုံငွေ ကျပ်သိန်း(၁၆၀)ဖြင့် (၃၉၀ ပေ x ၁၆ ပေ x ၈ လက်မ) ဆောင်ရွက်သည့် အမှတ်(၂)ရပ်ကွက်၊ မြို့သစ်(၂)လမ်း ကွန်ကရစ်လမ်းဖွင့်ပွဲကို ယ‌နေ့ ဒီဇင်ဘာလ ၁၅ ရက်နေ့ နံနက် ၉ နာရီအချိန်က ကွန်ကရစ်လမ်း မုခ်ဦးရှေ့၌ ကျင်းပခဲ့သည်။


(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြုကြိုဆိုသောအားဖြင့် မြို့သစ်(၂)လမ်း ကွန်ကရစ်လမ်းလမ်း ဖွင့်ပွဲကို ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမိုးမင်းနိုင်၊ လမ်းပန်းဝန်ကြီး ရဲမှူးကြီးတင်ဇော်ထွန်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့များက လမ်းခင်းထားရှိမှုအားဖြတ်သန်း ကြည့်ရှုစစ်ဆေးခဲ့ကြသည်။ထို့နောက် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် အဖွဲ့သည် အခြေခံပညာ အထက်တန်းကျောင်း(သာပေါင်း)တွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူ(၅၂)ဦးတို့ စာမေးပွဲဖြေဆိုနေမှုအား ကြည့်ရှုအားပေးပြီးနောက် လှေကြီးတက်ကျေးရွာရှိ ရွှေရောင်မော်ကွန်း ကိုယ်ပိုင်အထက်တန်းကျောင်းတွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုမည့်ကျောင်းသား၊ ကျောင်းသူ(၄၈)ဦး စာမေးပွဲဖြေဆိုနေမှုအား ကြည့်ရှုအားပေးခဲ့သည်။


ဆက်လက်၍ လှေကြီးတတ်ကျေးရွာအုပ်စု၊ ကြက်သွန်ကွင်းကျေးရွာ၊ ကွင်းအမှတ်(၇၁၁)၊ ဦးပိုင်(၅/၂)၊ ဧရိယာ(၅)ဧက တောင်သူဦးပြုံချိုလယ်မြေတွင် နေကြာနှင့်ပိုက်ဆံလျှော် စိုက်ပျိုးထားရှိမှုအား ကြည့်ရှုအားပေးပြီး လမ်းဦးစီးဌာနမှ ပုသိမ်-သာပေါင်းကားလမ်း မိုင်တိုင် ၁/၁.၅ မှ ၁/၆ အထိ ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းအားကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ လမ်းညွန်မှာကြားခဲ့ကြောင်း သိရသည်။


မျိုးဇော်သိန်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)