Pages

Pages

ကျိုက်မရောမြို့နယ်၌ ဆောင်းရာသီ ဘိုစားပဲစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း


MNP  -  ဒီဇင်ဘာ ၂၆

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်အတွင်းရှိ တောင်သူများအနေဖြင့် ဒေသနှင့်ကိုက်ညီသည့် ဆောင်းရာသီ သီးနှံဖြစ်သည့် ဘိုစားပဲသီးများ မြေအောက်ရေဖြင့် တစ်နိုင်တစ်ပိုင်စိုက်ပျိုးလျက်ရှိရာ စျေးကောင်းရရှိသဖြင့် စိုက်ပျိုးသူများလာပြီး မိသားစုဝင်ငွေ တိုးပွားလျက်ရှိကြောင်း သိရသည်။


အဆိုပါ ဘိုစားပဲသီးများကိုစိုက်ပျိုးရာ၌ မြေအောက်ရေဖြင့်ရေသွင်းစိုက်ပျိုးပြီး ဘိုစားပဲမျိုးစေ့ကိုအစေ့လိုက်ချကာ ဘောင်တင်ပြီးစိုက်ပျိုးရကြောင်း မျိုးစေ့ကို ပျိုးစရာမလိုဘဲ အစေ့တိုင်း အတန်းလိုက်ချ၍စိုက်ပျိူးပေးရပြီး အညွန့်များထွက်လာချိန်တွင်တိုင်ထောင်ပေးပြီး မြေအောက်ရေသွင်းစနစ်ဖြင့် တစ်နိုငိတစ်ပိုင်စိုက်ပျိုးကြရာ အောင်မြင်ဖြစ်ထွန်းပြီး စျေးကောင်းလည်းရရှိ၍ စီးပွားဖြစ်စိုက်ပျိုးကြသူများလာကြောင်း ဘုရားကုန်းကျေးရွာမှာ ဘိုစားပဲတစ်နိုင်တစ်ပိုင်စိုက်ပျိုးသူ ဦးအနဲ ကပြောသည်။


ဘိုစားပဲကို စိုက်ပျိုးပြီး ၄၅ ရက် ကြာလျှင် ဆွတ်ခူး၍ ရောင်းချနိုင်ပြီး နှစ်ရက်တစ်ခါခူးပေးရကြောင်း တစ်ပိဿာလျှင် ၂၅၀၀/ကျပ် ရရှိပြီး တစ်ခါခူးလျှင် ပိဿာချိန် ၂၀ ခန့်ရရှိကာ နှစ်ရက်တစ်ကြိမ်ခူးလျှင် ဝင်ငွေငါးသောင်းကျပ်ရရှိသဖြင့် မိသားစုအိမ်စားစရိတ်အတွက် အဆင်ပြေလျက်ရှိကြောင်း ဦးအနဲ ထံမှသိရသည်။


ချိုမြတ်မြတ်ထွေး

https://t.me/MyanmarNationalPost

No comments:

Post a Comment