Pages

Pages

ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး အာဆီယံ - မော်စကို ကော်မတီ အစည်းအဝေးသို့ တက်ရောက်






MNP ၊ ဒီဇင်ဘာ ၁၉

ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးလွင်ဦးသည် ၂၀၂၂ ခုနှစ် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံသံရုံးက ကြီးမှူး၍ မော်စကိုမြို့ရှိ Metropol Hotel တွင် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ လ ၁၆ ရက်က ကျင်းပခဲ့သော အာဆီယံ-မော်စကိုကော်မတီအစည်းအဝေးသို့ ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါအစည်းအဝေးသို့ မော်စကိုမြို့အခြေစိုက် အာဆီယံနိုင်ငံသံရုံးများမှ သံရုံးအကြီးအကဲများနှင့် သံရုံး ယာယီတာဝန်ခံများလည်း ပါဝင်တက်ရောက်ခဲ့ကြသည်။ အာဆီယံနိုင်ငံသံရုံးများနှင့် ရုရှားဖက်ဒရေးရှင်း နိုင်ငံ၊ နိုင်ငံခြား ရေးဝန်ကြီးဌာန အပါအဝင် ဝန်ကြီးဌာနများ၊ အခြားအဖွဲ့အစည်းများအကြား လက်ရှိတွင် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များ၊ အခြားသော ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ပြီး အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ကို အင်ဒိုနီးရှားနိုင်ငံသံရုံးသို့  လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

ထို့နောက် မြန်မာသံအမတ်ကြီးသည် အာဆီယံအလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယား နိုင်ငံ သံအမတ်ကြီး H.E. Mr. Eat Seyla က တည်ခင်းဧည့်ခံသည့် နေ့လယ်စာစားပွဲသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment