Pages

Pages

ဘီးလင်းမြို့နယ်မြန်မာ့စီးပွားရေးဘဏ်၌အငြိမ်းစား ဝန်ထမ်းများအားပင်စင်လစာများထုတ်ပေးလျှက်ရှိ






MNP  -  ဒီဇင်ဘာ ၂၁

    ဘီးလင်းမြို့နယ်အတွင်းရှိ အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာ များ ထုတ်ပေးခြင်းကို မြို့နယ် မြန်မာ့စီးပွားရေးဘဏ်ခွဲရှိ ဝန်ထမ်းများက ယနေ့ နံနက် ၇ နာရီမှစ၍ နေ့ချင်းပြီးထုတ်ပေး လျက်ရှိကြောင်းသိရသည်။

   ဘီးလင်းမြို့နယ်တွင် ပင်စင်ထုတ်ယူသည့် အငြိမ်းစားဝန်ထမ်း ၁၉၈၄ ဦး ရှိရာ တစ်ရက်အတွင်း ပင်စင်လာရောက် ထုတ်ယူ သည့် အငြိမ်းစားဝန်ထမ်း ၃၀၀ ကျော်ရှိကြောင်းသိရသည်။  အဆိုပါအငြိမ်းစားဝန်ထမ်း ပင်စင်စားများ အား ဒီဇင်ဘာ   ၂၁ ရက် နေ့မှ ၂၉ ရက် နေ့ အထိထုတ်ပေးသွားမည် ဖြစ် ပြီး သတ်မှတ်ရက်အတွင်း လာရောက်ထုတ် ယူနိုင်ခြင်း မရှိသူများကို ၂၀၂၃ ခုနှစ်  ဇန်နဝါရီလအတွင်း ဆက်လက်ထုတ်ပေးသွား မည်ဖြစ်ကြောင်း သိရသည်။

ထူးနောင် 

https://t.me/MyanmarNationalPost

No comments:

Post a Comment