Pages

Pages

ရန်ကုန်မြို့၌ ကာတာနိုင်ငံ အမျိုးသားနေ့ အထိမ်းအမှတ်ဧည့်ခံပွဲ ကျင်းပ


MNP ၊ ဒီဇင်ဘာ  ၁၆

ကာတာနိုင်ငံ၏ အမျိုးသားနေ့အထိမ်းအမှတ် ဧည့်ခံပွဲအခမ်းအနားကို ယမန်နေ့က ရန်ကုန်မြို့ Lotte Hotel ၌ ကျင်းပရာ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ် တက်ရောက်ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သီချင်းနှင့် ကာတာနိုင်ငံတော်သီချင်း တို့ဖြင့် အခမ်းအနားကို စတင်ဖွင့်လှစ်သည်။


ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ ကာတာနိုင်ငံသံရုံးမှ သံရုံးတာဝန်ခံ Dr. Rashid Abdulla AlKuwarl က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားသည်၊၊


ယင်းနောက် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်နှင့်မြန်မာနိုင်ငံ ဆိုင်ရာ ကာတာနိုင်ငံ သံရုံးမှ သံရုံးတာဝန်ခံ Dr. Rashid Abdulla Al-Kuwarl တို့က ကာတာနိုင်ငံအမျိုးသား နေ့အထိမ်းအမှတ် ကိတ်ကိုလှီးဖြတ်ပေးကြသည်။


ဆက်လက်၍ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ကာတာနိုင်ငံသံရုံးမှ သံရုံး တာဝန်ခံတို့သည် ဧည့်ခံပွဲအခမ်းအနားသို့ တက်ရောက်လာကြသူများနှင့်အတူ စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။


ထို့နောက် ဧည့်ခံပွဲသို့တက်ရောက်လာကြသူများအား ကာတာနိုင်ငံသံရုံး သံရုံးတာဝန်ခံက ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံသည်။


အဆိုပါအခမ်းအနားသို့ ရန်ကုန်မြို့ရှိ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ၊ သံရုံး ယာယီ တာဝန်ခံများ၊ ကုလသမဂ္ဂဌာနေ ကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသူများ တက်ရောက် ကြသည်။   


https://t.me/MyanmarNationalPost

No comments:

Post a Comment