Pages

Pages

ပေါက်တောမြို့နယ် သဝင်ချောင်း-အ.ထ.က ကျောင်း၌ မြို့နယ်ကြက်ခြေနီအဖွဲ့မှ အသိပညာပေးလုပ်ငန်းများဆောင်ရွက်




MNP - ဒီဇင်ဘာ  ၆


ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ် သဝင်ချောင်း-အ.ထ.က ကျောင်း၌ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ပေါက်တောမြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှ ယမန်နေ့ နေ့လယ်ပိုင်းက အသိပညာပေးလုပ်ငန်းများဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။


ထိုသို့ အသိပညာပေးလုပ်ငန်းများဆောင်ရွက်ရာတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ပေါက်တောမြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှ မြို့နယ်တပ်ဖွဲ့မှူး ဦးမောင်ဝင်းစိုးနှင့် အဖွဲ့ဝင်များက ကြက်ခြေနီအကြောင်းသိကောင်းစရာများကို ဟောပြောခြင်း၊ ကျောင်းကြက်ခြေနီအဖွဲ့ ဖွဲ့စည်းခြင်း၊ ရှေးဦးသူနာပြုစုနည်းပညာရပ်များပို့ချခြင်းနှင့် လက်တွေ့သရုပ်ပြခြင်းများ ဆောင်ရွက်ခဲ့ကြသည်။ အဆိုပါ အသိပညာပေးလုပ်ငန်းများဆောင်ရွက်ခြင်းကို သဝင်ချောင်း-အ.ထ.က ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ခင်ဝင်းနှင့် ဆရာ /မများနှင့် ကျောင်းသား/ သူများ (၁၄၀) ဦးတို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment