Pages

Pages

မောင်တောမြို့၌ လူကုန်ကူးတားဆီးကာကွယ်ရေးအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်


MNP ၊  ဒီဇင်ဘာ  ၆

ရခိုင်ပြည်နယ် ၊ မောင်တောခရိုင် ၊မောင်တောမြို့၌  လူကုန်ကူးခံရသူများ ပြန်လည်လက်ခံရေး ၊ ပြန်လည် ဝင်ဆံ့ ပေါင်းစည်းရေး နှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ  လုပ်ငန်းကော်မတီ၏  ညှိနှိုင်း အစည်းအဝေးကို ယနေ့ နေ့လယ် ၁ နာရီ အချိန် ခရိုင်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြသည်။  

ရှေးဦးစွာ  ခရိုင်လူကုန်ကူးမှု တားဆီးကာကွယ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနေဦးက လူကုန်ကူးမှု တိုက်ဖျက်ရေးကို အမျိုး သားရေး တာဝန် တစ်ရပ်အဖြစ် သတ်မှတ်ထားသဖြင့် ပြည်သူလူထုမှ ပူးပေါင်းပါဝင်ရန်လိုအပ်ပါကြောင်း ၊ လူကုန် ကူးမှု တားဆီးကာကွယ် ရေးအဖွဲ့ မှ ရေးဆွဲပြဋ္ဌာန်းထားသည့် လူကုန်ကူးမှုတိုက်ဖျက်ရေးစီမံချက်များကို စနစ်တကျ ပူးပေါင်း ဆောင်ရွက်ကြရန် နှင့် လူ ကုန် ကူးမှု တားဆီးရေးကိစ္စရပ်များကို  ပြည်သူ လူထု သိရှိနိုင်ရေးအတွက်  အသိ ပညာ ပေး ဟောပြောခြင်းများကို ဆောင် ရွက် ကြရန်လိုအပ်ကြောင်း စသည့်တို့ကို ပြောကြားခဲ့သည်။ 

ဆက်လက်၍  ခရိုင် လူကုန် ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့  အတွင်းရေးမှူး ဒုတိယရဲမှူး စံမင်းက မိမိတို့ မြို့နယ်အတွင်း လူကုန်ကူးမှု တားဆီး နှိမ်နင်း ရေး နှင့် ရပ်ရွာ အခြေပြု လူကုန် ကူးမှု စိစစ်ဖော်ထုတ်ရေးအဖွဲ့များ ဖွဲ့စည်းကာ ဆောင်ရွက်နေသည့် အခြေ အနေ များ စသည့်တို့ကို ရှင်းလင်း ပြော ကြားခဲ့သည်။  ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့  အတွင်းရေးမှူး ဒုတိယရဲမှူးကြီး ကိုကိုလေးက လူကုန်ကူးမှု ဖြစ်ပေါ်နေသည့် အခြေအနေများ အားပြောကြားပြီး တက်ရောက် လာကြ သော ကော် မတီဝင်များ က ဌာနများ အလိုက် ဆောင်ရွက်နေသည့် ကိစ္စရပ်များ ၊ လက်ရှိဆောင် ရွက် လျက် ရှိနေသည့် အခြေ အနေများ နှင့် ရှေ့ဆက်ဆောင်ရွက်သင့်သည့် အစီအစဉ်များကို တင်ပြကြရာ ခရိုင် စီမံ အုပ် ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌ မှ   ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။


သက်လွင်စိုး

https://t.me/MyanmarNationalPost

No comments:

Post a Comment