Pages

Pages

ဘီးလင်းမြို့နယ် တွင် မွေးကင်းစမှ အသက်(၂)နှစ်အောက် ကလေးနှင့်ကိုယ်ဝန်ဆောင်မိခင်များ အားပုံမှန်ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိ




MNP ၊ ဒီဇင်ဘာ ၁

မွန်ပြည်နယ် ဘီးလင်းမြို့နယ်တွင် မွေးကင်းစမှအသက်(၂)နှစ် အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန် ကာကွယ်ဆေး ထိုးနှံ ခြင်းကို ယနေ့နံနက်ပိုင်းမှစတင်ကာ မြို့နယ် မိခင်နှင့်ကလေး ကျန်းမာရေး ဌာန၌ထိုးနှံပေးလျက်ရှိကြောင်း သိရ သည်။ 


ထိုသို့ ကာကွယ်ဆေးထိုးနှံရာတွင် ကျန်းမာရေးဝန်ထမ်းများက ဘီးလင်း မြို့ပေါ်ရပ်ကွက်(၅)ရပ်ကွက်အတွင်းရှိ မွေးကင်းစမှ အသက်(၂)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ် ဆေးများဖြစ်သော ဆုံဆို့ ၊ ကြက်ညှာ ၊ မေးခိုင် ၊ အသည်းရောင် အသားဝါ(ဘီ)ပိုး ၊ ဦးနှောက်အမြှေး ရောင် ၊ (၅)မျိုး စပ် ကာကွယ်ဆေး ၊ ပိုလီယိုအကြောသေ ၊ ဝက်သက် ၊ ဂျိုက်သိုးရောဂါ ကာကွယ် ဆေးထိုးနှံပေးခြင်း ပြင်းထန်ဝမ်းပျက် ဝမ်းလျှောဖြစ်စေတတ်သော (Rota) ကာကွယ်ဆေးတိုက်ကျွေးခြင်း နှင့်ကိုယ်ဝန်ဆောင်မိခင် များအား  မေးခိုင်-ဆုံဆို့နာ ကာကွယ်ဆေးထိုးနှံပေးခြင်းတို့ကို ကျန်းမာရေးဝန်ကြီးဌာန ၏ ကိုဗစ် -၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးလမ်းညွှန်ချက်များနှင့်အညီ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။


ထူးနောင် 

https://t.me/MyanmarNationalPost

No comments:

Post a Comment