Pages

Pages

ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတဟောင်း မစ္စတာကျန်ဇီမင်း ကွယ်လွန်သွားခဲ့သည့်အတွက် ဝမ်းနည်းကြောင်း လက်မှတ်ရေးထိုး


MNP ၊ ဒီဇင်ဘာ ၃

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတဟောင်း မစ္စတာကျန်ဇီမင်း ကွယ်လွန်သွားခဲ့သည့်အတွက် ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ အမှတ်(၁)၊ ပြည်ထောင်စုရိပ်သာလမ်းရှိ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံသံရုံးတွင် ဖွင့်လှစ်ထားရှိသော ဝမ်းနည်းခြင်း အထိမ်းအမှတ် မှတ်တမ်းစာအုပ်တွင် ယနေ့နံနက် (၁၀)နာရီ၌ သွားရောက် လက်မှတ်ရေးထိုးသည်။

ကွယ်လွန်သူ မစ္စတာကျန်ဇီမင်းသည် ၁၉၉၃ ခုနှစ်မှ ၂၀၀၃ ခုနှစ်အထိ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး မြန်မာနိုင်ငံသို့ ၂၀၀၁ ခုနှစ်တွင် တရားဝင်ချစ်ကြည်ရေးခရီး လာရောက်ခဲ့သည်၊၊


https://t.me/MyanmarNationalPost

No comments:

Post a Comment