(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တောင်ကြို့ကုန်းကျေးရွာ ကျေးလက်ကုန်ထုတ်လမ်းဖွင့်ပွဲ ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တောင်ကြို့ကုန်းကျေးရွာ ကျေးလက်ကုန်ထုတ်လမ်းဖွင့်ပွဲ ကျင်းပ



MNP    -   ဒီဇင်ဘာ ၂၃

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ တောင်ကြိုကုန်းကျေးရွာအုပ်စု၊ တောင်ကြို့ကုန်းကျေးရွာ ကျေးလက်ကုန်ထုတ်လမ်းဖွင့်ပွဲကို ယမန်နေ့က ကျင်းပခဲ့သည်။


အခမ်းအနားတွင် နတ်တလင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်  ဒုတိယဗိုလ်မှူးကြီး ထက်မျိုးအောင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့အတွင်းရေးမှူး ရဲမှူးကြီးမောင်မောင်အောင်၊ အဖွဲ့ဝင် ဦးခင်မောင်မြင့်၊ နတ်တလင်းခရိုင် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်မင်းနိုင်၊ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးမှူး ဦးဌေးလွင်စိုးတို့ကဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။


အဆိုပါ ကျေးလက်ကုန်ထုတ်လမ်းကို ၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ် ပြည်ထောင်စု အစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေကျပ်သန်း ၅၄.၁၁၂ ဖြင့် (၀/၆.၃၆ မိုင် ×၁၂'×၁၂'×၉')ဖြင့် ကျေးလက်ဒေသများတွင် ပြည်သူ့အကျိုးပြုလုပ်ငန်းအဖြစ် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း သဲကုန်းမြို့နယ် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှ မြို့နယ် ဦးစီးမှူး ဒေါ် စန္ဒာအေးမှရှင်းလင်းပြောကြားခဲ့သည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)