Pages

Pages

၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေနှင့်အညီ အကျိုးခံစားခွင့်များ ခွင့်ပြုငွေထုတ်ပေးခြင်း အခမ်း အနားကျင်းပ



MNP   -    ဒီဇင်ဘာ ၁၉

အလုပ်သမား၀န်ကြီးဌာန မြို့နယ်လူမှု ဖူလုံရေးရုံး မော်လမြိုင်မြို့မှ ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေနှင့်အညီ အကျိုးခံစားခွင့်များ ခွင့်ပြုငွေထုတ်ပေးခြင်းအခမ်းအနားကို ယနေ့ နံနက်ပိုင်းက မွန်ပြည်နယ် လူမှုဖူလုံရေးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။


အခမ်းအနားတွင် အလုပ်သမား၀န်ကြီး ဌာနပြည်နယ်လူမှုဖူလုံရေးရုံးမှပြည် နယ်တာ၀န်ခံအရာရှိ ဦးသက်ဆွေက အဖွင့်အမှာစကား ပြောကြားခြင်း လူမှုဖူလုံရေး သမိုင်းကြောင်းနှင့် ၂၀၁၂ခုနှစ် လူမှုဖူလုံရေး ဥပဒေပါ အကျိုးခံစားခွင့်များအားလည်းကောင်း အလုပ်သမားညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်တိုးတိုးချစ်က အလုပ်သမားညွှန်ကြားမှုဦးစီးဌာန၏ ဥပဒေနှင့်ပတ်သက်သည့်အကြောင်းအရာများကိုလည်ကောင်း အသီးသီး ရှင်းလင်းပြောကြားခဲ့သည်။


ထို့နောက် မြန်မာ့မီးရထားတိုင်းအမှတ် (၈) (သွားလာရေး)မှ အာမခံအလုပ်သမား ဦး‌မျိုးညွန့်၏ အလုပ်တွင် ထိခိုက်သေဆုံးမှုအတွက် ကျန်ရစ်သူမိသားစုအား အကျိုးခံစားခွင့် ၉၀၀၀၀၀၀/ (ကျပ်သိန်းကိုးဆယ်တိတိ)နှင့် Microfinance Delta Internationမှ အာမခံအလုပ်သမား ဦး‌မင်းဆက်ဇင်မှူး၏ အလုပ်တွင်ထိခိုက်သေဆုံးမှုအတွက် ကျန်ရစ်သူမိသားစုအား အကျိုးခံစား ခွင့် ၈၄၀၀၀၀၀/-(ကျပ်-ရှစ်ဆယ့်လေးသိန်းတိတိ) တို့အား ပြည်နယ်တာ၀န်ခံအရာရှိ ဦးသက်ဆွေက သေဆုံးသူဇနီးများထံသို့ပေးအပ်ခဲ့ပြီး မြန်မာ့မီးရထားတိုင်း အမှတ် (၈) (သွားလာ‌ရေး)မှ  ဦးသန်းရှိန်က ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။


ခင်စန်းမြင့်

https://t.me/MyanmarNationalPost

No comments:

Post a Comment